လူမှုဖူလုံရေးအဖွဲ့ရယ်လို့ တစ်နိုင်ငံလုံးက လုပ်ငန်းရှင်တိုင်း အလုပ်သမားတိုင်း လက်ခံနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အောင်မြင်မှုရရှိခဲ့ပါတယ်။

 

သတင်းအဖွဲ့

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင်  အမိန့်ကြော်ငြာစာအမှတ်  ၂၁၁/၂၀၂၂ ဖြင့် နယ်ပယ်အသီးသီးတွင်    စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို ချီးမြှင့်ခဲ့သည်။
အဆိုပါဘွဲ့၊ တံဆိပ်များ ချီးမြှင့်ခံရသည့်ပုဂ္ဂိုလ်အချို့၏ ဝမ်းမြောက်စကားသံများကို မြန်မာ့သတင်းစဉ်က စုစည်းဖော်ပြလိုက်ပါသည်။ 
ဒေါ်ဝင်းမော်ထွန်း၊ ဝဏ္ဏကျော်ထင်ဘွဲ့
ဒုတိယဝန်ကြီး(ငြိမ်း)၊ အလုပ်သမား၊ 
အလုပ်အကိုင်နှင့် 
လူမှုဖူလုံရေးဝန်ကြီးဌာန
ကျွန်မအနေနဲ့    ဝဏ္ဏကျော်ထင် ဘွဲ့ရတာကို အထူးဂုဏ်ယူမိသလိုဝမ်းသာ ပီတိ    ဖြစ်ရပါတယ်။   ကျွန်မအနေနဲ့ ၂၀၁၀-၂၀၁၅ နိုင်ငံတော်အစိုးရကာလမှာ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။   လူမှု ဖူလုံရေးဥက္ကဋ္ဌ တာဝန်လည်းထမ်းဆောင် ခဲ့ပါတယ်။   လူမှုဖူလုံရေးဥပဒေ     ၂၀၁၂ ထွက်ရှိပြီး   ဥပဒေအတိုင်း    အကောင် အထည်ဖော်ဖို့   တာဝန်ပေးခံရပါတယ်။ အလုပ်ရှင် အလုပ်သမားညီညွတ်မျှတစွာ နဲ့     ဥပဒေအပေါ်အခြေခံပြီး   လုပ်ကိုင် ဆောင်ရွက်ခဲ့တာ အအောင်မြင်ဆုံးပါပဲ။ လူမှုဖူလုံရေးအဖွဲ့ရယ်လို့  တစ်နိုင်ငံလုံး က   လုပ်ငန်းရှင်တိုင်း   အလုပ်သမားတိုင်း လက်ခံနိုင်အောင်     ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ လုပ်ငန်းခွင်အရောက် ကျန်းမာ ရေး  စောင့်ရှောက်မှုဟာ  အလုပ်သမား တွေအတွက်      အထိရောက်ဆုံးပါပဲ။ အောင်မြင်မှုရရှိခဲ့ပါတယ်။ 
အနည်းဆုံးအခကြေးငွေကို မြန်မာ နိုင်ငံမှာ ပထမဆုံးသတ်မှတ်နိုင်အောင် တိုင်းနဲ့   ပြည်နယ် ၁၄ ခုလုံး  ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး    အလုပ်သမား သမဂ္ဂ၊   အလုပ်ရှင်၊  အလုပ်သမား အဖွဲ့  အစည်းအားလုံး ညှိနှိုင်းတိုင်ပင်မှုရလဒ် ကြောင့် သတ်မှတ်နိုင်ခဲ့ပြီး ခေတ်ကာလ နဲ့ လျော်ညီစွာ  သတ်မှတ်နိုင်ဖို့ လမ်းဖွင့် ပေးခဲ့ပါတယ်။
အဓိက    အလုပ်ရှင်    အလုပ်သမား ညီညွတ်မျှတစွာလုပ်ငန်းခွင် အေးချမ်း သာယာဖို့   အဓိကထား   လုပ်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့်   ၂၀၁၆  ခုနှစ်မှာ နိုင်ငံစွမ်းဆောင်ရည်ဆု     ချီးမြှင့်ခံရပါ တယ်။ ကျွန်မဘဝမှာ အလုပ်ရှင်၊ အလုပ် သမားကဏ္ဍ   အများကြီးရှိခဲ့ပါတယ်။ အလုပ်ရှင်တစ်ယောက်   သဘောထား၊ အလုပ်သမားတစ်ယောက် သဘောထား နားလည်ခဲ့ပါတယ်။     ၂၀၀၇ ခုနှစ်မှာ လည်း    စက်မှုစီးပွားထူးချွန်ဆု    ရရှိခဲ့ ပါတယ်။ 
ဘဝတစ်သက်တာမှာ     သာသနာ တော်ဆိုင်ရာ ချီးမြှောက်ထောက်ပံ့မှုတွေ လုပ်ခဲ့လို့  ၂၀၁၂ ခုနှစ်မှာ သုဓမ္မသိင်္ဂီဘွဲ့ လည်း ရရှိခဲ့ပါတယ်။ အခုအခါမှာတော့ နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိတဲ့ အတွက် ပေးအပ်ချီးမြှင့်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို      အထူး ကျေးဇူးတင်ပါတယ်။ တိုင်းပြည်အတွက်၊ အများပြည်သူအတွက်၊      အလုပ်ရှင် အလုပ်သမားတွေအတွက် ကြိုးစားခဲ့တာ တွေကို အသိအမှတ်ပြုခံရတာကိုဝမ်းသာ ဂုဏ်ယူမိပါတယ်။
ဆက်လက်ပြီး     ကျွန်မနိုင်ငံတော် အတွက်၊ ကျွန်မပြည်သူအတွက်၊ အလုပ် ရှင် အလုပ်သမားများအတွက် မည်သည့် နေရာကမဆို      ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ကိုင်ဆောင်ရွက်သွားမှာပါ။
အကယ်ဒမီဂီတမှူး ဝင်းကို
အနုပညာထူးချွန်
(တတိယဆင့်)
လူမှုထူးချွန်ဆုအနေနဲ့ဆို  ဆရာတို့ အနုပညာသမားတွေက     တိုင်းကျိုး ပြည်ပြု     သီချင်းတွေ    တီးပေးတယ်။ ဇာတ်ကားတွေမှာ တီးပေးတယ်။ အများ အတွက်၊  တိုင်းပြည်အတွက်   ကူညီခဲ့တဲ့ အနုပညာသမားတွေကို    လူမှုထူးချွန်ဆု ဆိုပြီး  အရင်တုန်းကပေးတယ်။ ဒီနှစ် လည်း  ဒီလိုပဲပေးလိုက်မယ် ထင်တာပါ။  ကြိုတော့မသိပါဘူး။  အခု စာရင်းပါလာ တဲ့အပေါ်မှာ  ကြည့်တဲ့အခါ  အနုပညာ ထူးချွန်ဆုအနေနဲ့ ပါလာတယ်။ ကောင်း တဲ့ အလုပ်လို့   ထင်တယ်။    ကောင်းတယ် ဆိုတာ   သူ့ကဏ္ဍအလိုက်မှာ    ထူးချွန် တဲ့  သူတွေပါ။   စာပေဆုလည်း    စာပေ မှာ     ထူးချွန်တဲ့သူတွေ၊       ဂီတပိုင်းမှာ လည်း    ဂီတမှာ    ထူးချွန်တဲ့သူတွေ။  ထူးချွန်တဲ့     သူတွေကို      ရွေးပြီးပေးတဲ့ အပေါ်မှ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူ တယ်။ 
အကယ်ဒမီရတာက ၂၀၁၂ နောက်ခံ တေးဂီတ    ထူးချွန်ဆု   အမွေခံထိုက်သူ ဖြစ်ပါစေ ဘာသာရေးကားနဲ့ရတာ။ အနု ပညာနဲ့    ပတ်သက်တဲ့  အလုပ်မှန်သမျှ  လူတိုင်းလူတိုင်းကို ကြိုးစားစေချင်တယ်။ ကိုယ့်ကြိုးစားမှုဆိုတာ    တစ်ချိန်ချိန်မှာ အရာထင်လာတာပဲပေါ့။        ဂီတမှူး သက်တမ်း  အနှစ် (၄၀) ကျော်လာပြီ။    နိုင်ငံတော်ရဲ့   ဂုဏ်ပြုခြင်းကို  ခံရတာ ဒါပထမဦးဆုံးအကြိမ်ပါ။ လူကြီးတွေကို လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်အိဖြူ 
လူမှုထူးချွန် (တတိယဆင့်)
အပြည်ပြည်ဆိုင်ရာ 
အနောက်တိုင်းလှေ၊ မြန်မာနိုင်ငံ 
လှေလှော်အဖွဲ့ချုပ်
နိုင်ငံတော်ကချီးမြှင့်တဲ့     အခုလို ထူးချွန်ဆုရရှိတဲ့အတွက်     ဝမ်းသာပါ တယ်။  ပျော်လည်း ပျော်ပါတယ်။ ၂၀၁၃ ဆီးဂိမ်းမှာ     ရိုးရာလှေနဲ့   ရွှေတံဆိပ် သုံးဆုရခဲ့တယ်။ ၂၀၁၉ ကျတော့  ဖိလစ် ပိုင်     ဆီးဂိမ်းမှာ    အပြည်ပြည်ဆိုင်ရာ လှေကိုရောက်သွားတယ်။  အပြည်ပြည် ဆိုင်ရာ   လှေမှာ  ကြေးတံဆိပ်တစ်ခု ရတယ်။   ၂၀၂၁   ဗီယက်နမ်ဆီးဂိမ်းမှာ  ဒီအပြည်ပြည်ဆိုင်ရာ     လှေနဲ့ပဲ    ကြေး တံဆိပ် နှစ်ခုရခဲ့တယ်။ အားကစားသမား တစ်ယောက်ကို အခုလို အသိအမှတ်ပြု တယ်ဆိုတာကို ဝမ်းသာတယ်။ ဘာပဲ ပြောပြော နားသွားတဲ့အချိန်ရောက်ရင် ကိုယ့်ဘဝမှာ     မှတ်တိုင်လေးတစ်ခု အမှတ်တရတစ်ခုတော့ ကျန်ခဲ့တာပေါ့။ ကိုယ်ဒီထက်ပိုပြီးကြိုးစားရင်  ဒီထက် ပိုပြီး ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုခံရမယ်ဆို ကိုယ်က      ပိုပြီးတော့ကြိုးစားရမယ်။ နောက်ဆုံး     ဒီအားကစားလောကက မနားခင် အချိန်အထိတော့ အကောင်းဆုံး ကြိုးစားသွားမယ်။ အခုလိုမျိုး အားကစား သမားတွေကို   အသိအမှတ်ပြုပြီး  ဘွဲ့ တံဆိပ်တွေ ချီးမြှင့်ပေးတဲ့အတွက်လည်း နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။
ဒေါ်စန္ဒာရွှေ
လူမှုထူးချွန်(တတိယဆင့်)  
ရိုးရာလှေ၊ မြန်မာနိုင်ငံ
လှေလှော်အဖွဲ့ချုပ်
 ၂၀၁၂ ခုနှစ်ကနေပြီးတော့   ၂၀၂၂ ခုနှစ်အထိ   မြန်မာနိုင်ငံ  လှေလှော်အဖွဲ့ ချုပ်မှာ ကစားလျက်ရှိပါတယ်။ ဆုတံဆိပ် တွေအနေနဲ့ကတော့  ၂၀၁၃ ခုနှစ် အိမ်ရှင် ဆီးဂိမ်း      ရွှေသုံးခုနဲ့     အခုပြီးခဲ့တဲ့ ဗီယက်နမ်ဆီးဂိမ်းမှာ   ကြေး နှစ်ခု  ရရှိ ထားပါတယ်။    အခုလို   နိုင်ငံတော်က လူမှုထူးချွန်     တတိယဆင့်    ဆုပေးတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းသာပါ တယ်။ ကိုယ်ကြိုးစားမှုအတွက် ဆုရရှိ တာကိုလည်း  ဂုဏ်ယူပါတယ်။  ထပ်ပြီး တော့ ကြိုးစားနေတဲ့ အားကစားသမား တွေကိုလည်း      ဒီထက်ကောင်းတဲ့ ဆုတံဆိပ်တွေ ချီးမြှင့်ပေးပါလို့ ပြောချင်  ပါတယ်။ နောက်ပြီးတော့ သမီးတို့လည်း အကောင်းဆုံး     ကြိုးစားနေပါတယ်။ ထူးချွန်တဲ့သူတွေကို ဒီလိုမျိုးဆုတွေပေး တဲ့အတွက်လည်း  လူငယ်တွေအနေနဲ့  ကြိုးစားချင်တဲ့စိတ် ပိုပြီးတော့ ဖြစ်ပေါ် ပါတယ်။   နိုင်ငံတော်ကို  ကျေးဇူးတင် ပါတယ်။ နယ်ပယ်အသီးသီးက ကြိုးစား နေတဲ့သူတွေကို ဒီလိုမျိုးပေးတဲ့အတွက် လည်း အတိုင်းမသိဝမ်းသာပါတယ်။
ဒေါ်သဲဖြူ၊ 
လူမှုထူးချွန် (တတိယဆင့်)  
ရိုးရာလှေ၊ မြန်မာနိုင်ငံ
လှေလှော်အဖွဲ့ချုပ်
ဒီဆုရတဲ့အတွက်     အတိုင်းမသိ ဝမ်းသာပါတယ်။    ကိုယ်အပါအဝင် အယောက်     ၁၀၀၀   ကျော်ဆိုတော့  အားလုံးအတွက်လည်း ဝမ်းသာပါတယ်။ ၂၀၂၀ ပြည့်နှစ်  အင်ဒိုနီးရှားဆီးဂိမ်းမှာ ရွှေသုံးခု  ရခဲ့ပါတယ်။  အဲဒီ  ရွှေသုံးခုရခဲ့ တာကလည်း      ကြိုးစားအားထုတ်မှု ကြောင့်ပါ။ အဲဒီတုန်းကလည်းတော်တော် ကြိုးစားခဲ့ရပါတယ်။   နောက်လာမယ့် ကလေးတွေကိုလည်း    ကြိုးစားစေချင် ပါတယ်။         ဘာဖြစ်လို့လဲဆိုတော့  ဒီလှေလှော်အားကစားနည်းက  ကြိုးစား လေ ပိုပြီးကိုယ့်အတွက် အကျိုးထူးလေ ပါပဲ။    ဒါကြောင့်    ဇွဲမလျှော့ကြပါနဲ့လို့    ဒီကနေ   အားပေးစကားလေး   ပြောချင် ပါတယ်။      စိတ်ဓာတ်ကောင်းနေမှ လည်း ဒီလှေလှော် အားကစားနည်းက တောက်ပတာပါ။  နဖူးကချွေး   ခြေမကို ကျအောင်လည်း  လုပ်ရပါတယ်။ အခု လက်ရှိမှာတော့  မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှာပဲ   နေပါတယ်။   လက်ရှိမှာ လည်း တာဝန်ထမ်းဆောင်နေပါတယ်။ အခုလိုသမီးကို  လူမှုထူးချွန်ဆုပေးတဲ့ အတွက်   နိုင်ငံတော်အကြီးအကဲတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေကို ကျေးဇူး တင်ပါတယ်။