
နေပြည်တော် မတ် ၁၅
အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်း များ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက လူမှုဖူလုံရေး အဖွဲ့သည် လူမှုဖူလုံရေး အကျုံးဝင် အာမခံ အလုပ်သမားများထံမှ လူမှုဖူလုံရေး ထည့်ဝင်ကြေး ကောက်ခံပြီး အာမခံအလုပ်သမား များကို ဆေးကုသမှု၊ ဝန်ဆောင်မှု များနှင့် ငွေကြေးအကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးသည့် လူမှု ကာကွယ်စောင့်ရှောက်မှု (Social Protection) လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်နှင့်အညီ အလုပ် သမားထုနှင့် များစွာထိတွေ့ ဆက်ဆံမှုပြုလုပ်ရန် လိုအပ် ကြောင်း၊ ယခုသင်တန်းသားများ သည် နယ်မြေရုံးခွဲများ၊ ဆေးခန်း များတွင် တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများဖြစ်သည့် အတွက် အလုပ်သမားထုနှင့် ထိတွေ့ဆက်ဆံကြရာတွင် မိမိ ဌာန၏ လုပ်ငန်းစဉ်များကို သေချာစွာ ရှင်းလင်းဆွေးနွေး နိုင်ရန်နှင့် ယဉ်ကျေးစွာ ပြုမူ ပြောဆိုဆက်ဆံတတ်ရန်၊ မိမိတို့ ဌာနအဖွဲ့အစည်း ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြောအဆို၊ အပြုအမူများကို ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ ဌာနက အားကိုး အားထားပြုထိုက်သည့် ဝန်ထမ်း ကောင်းများဖြစ်အောင် မိမိတို့ ထမ်းဆောင်ရသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် စိတ်စေတနာကောင်းများ ထားရှိ ပြီး လက်တွဲကြိုးပမ်း လုပ်ဆောင် ကြရန် လိုအပ်ကြောင်းပြောကြား သည်။
ယနေ့ နံနက်ပိုင်းတွင် သင်တန်းသူ သင်တန်းသားများ နှင့် ဌာနမှ တာဝန်ရှိသူများ သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်