လူမှုမီဒီယာအကောင့်များတွင် ပျံ့နှံ့နေသော မမှန်လုပ်ကြံသတင်းများကို ဥရောပသမဂ္ဂအရှိန်မြှင့်တင် တိုက်ဖျက်

 

ဘရက်ဆဲလ်    ဇွန်   ၁၆ 


ဖေ့စ်ဘွတ်ခ်၊ ဂူဂယ်၊ တွစ်တာနှင့် တခြားလူမှုမီဒီယာအကောင့်များတွင် ပျံ့နှံ့နေသော လုပ်ကြံသတင်းများကို ဥပဒေသတ်မှတ်ချက်ဖြင့် ဥရောပ သမဂ္ဂက အရှိန်မြှင့်တင် တိုက်ဖျက်လျက်ရှိသည်။ 

 


၂၀၁၈ ခုနှစ်ကထုတ်ပြန်ခဲ့သော မူလကျင့်ဝတ်စည်းကမ်းများသည် မှန်ကန်မှုမရှိသည့်  ကြော်ငြာများ၊  လုပ်ကြံသတင်းများကိုဖြန့်သည့် ငွေကြေးအသုံးပြုမှုအကောင့်များကို ချက်ချင်းစနစ်တကျတိုက်ဖျက်ရန် ရည်ရွယ်သည်။ ထို့အပြင် အချက်အလက်ခြေရာခံစစ်ဆေးခြင်းများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ 

 


အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့အစည်းပေါင်း ၃၀ ခန့်  ပါဝင် လက်မှတ်ရေးထိုးသွားမည်ဟု မျှော်လင့်ထားပြီး လက်မှတ်ရေးထိုးမည့် သူများတွင် ဖေ့စ်ဘွတ်ခ်မိခင်ကုမ္ပဏီ မက်တာ၊ တွစ်တာ၊ မိုက်ခရိုဆော့ဖ် နှင့် တစ်တော့ခ်တို့ပါဝင်မည်ဟု     သက်ဆိုင်ရာအရာရှိများက   ခန့်မှန်း ထားသည်။ 

 


ဥပဒေသတ်မှတ်ချက်ကို ဇွန် ၁၆ ရက်က ပွင့်လင်းမြင်သာရှိရေး ဥရောပသမဂ္ဂကော်မရှင်နာ     ဗီရာဂျိုရိုဗာနှင့်    ပြည်တွင်းဈေးကွက် ကော်မရှင်နာ သီရာဘရီတွန်တို့က တင်ပြခဲ့သည်။ 

 


ဥပဒေသတ်မှတ်ချက်အသစ်တွင်   ကတိကဝတ်ပေါင်း   ၄၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရပြီး မူလကျင့်ဝတ်စည်းကမ်းများထက် နှစ်ဆ ခန့် ပိုများမည်ဖြစ်သည်။                                          

အေအက်ဖ်ပီ