လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ကြပါစို့

Type

 

မွှေး(MA. Corruption and Governance, UK)

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည်  ပုံစံအမျိုးမျိုး၊  နည်းလမ်းအမျိုးမျိုးဖြင့်   ဖြစ်ပွားလျက် ရှိသည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်လည်း  နိုင်ငံ၊  ဒေသနှင့် နယ်ပယ်အလိုက်   လုပ်ဆောင်ချက်နှင့် ယူဆချက်အပေါ်မူတည်၍   အဓိပ္ပာယ် အမျိုးမျိုး   ဖွင့်ဆိုကြသည်။  

 

နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီး တို့တွင်   နယ်ပယ်အလိုက်     အဂတိလိုက်စားမှု   ပုံစံအမျိုးမျိုးရှိပြီး လုပ်ပိုင်ခွင့်   အာဏာရှိသူအဆင့်တွင်    ဖြစ်ပွားသော   အဂတိလိုက်စားမှုတွင် အကြီးစားအဂတိလိုက်စားမှု၊   နေ့စဉ် အုပ်ချုပ်ရေးလုပ်ငန်းများတွင်   ဖြစ်ပွား လေ့ရှိပြီး   ပမာဏအနည်းငယ်သော တံစိုးလက်ဆောင်နှင့် ငွေကြေးပေးခြင်း/ ယူခြင်း   ကိစ္စရပ်အတွက်   အသေးစား အဂတိလိုက်စားမှုဟူ၍    သတ်မှတ်ကြ သည်။ အဂတိ လိုက်စားမှုနှင့်   စပ်လျဉ်း၍   အများပြည်သူက    လာဘ်ပေးခြင်း၊   ငွေကြေး  သို့မဟုတ်    တံစိုးလက်ဆောင် ပေးခြင်းဟုသာ နားလည်ကြသည်။ 
ထိုသို့ အဂတိလိုက်စားမှုပုံစံအမျိုးမျိုး ရှိသည့်အနက်     အများပြည်သူသာမက အုပ်ချုပ်ရေးယန္တရား၌        တာဝန် ထမ်းဆောင်နေသူတချို့က သတိမမူမိ သော၊ အဂတိလိုက်စားမှုဟု   မယူဆမိ သော အဂတိလိုက်စားမှုပုံစံတစ်မျိုး   ရှိ သေးသည်။ ယင်းမှာ အလုပ်တာဝန်များကို လူမှန်၊ နေရာမှန် တာဝန်ပေးခြင်းမရှိဘဲ မိမိအကျိုးကိုရှေးရှုပြီး “မျက်နှာသာပေး ဘက်လိုက်သည့်”    တာဝန်ပေးမှုမျိုး ဖြစ်သည်။     ၎င်းအခြေအနေမျိုးတွင် အဂတိလိုက်စားမှုကျူးလွန်သူနှင့် ပါဝင် ပတ်သက်သူများကိုယ်တိုင်ပင် သတိမမူ မိလောက်အောင်ပင်   သိမ်မွေ့လှသည်။ ၎င်းကဲ့သို့သော အဂတိလိုက်စားမှုသည် မည်သည့် သတင်းစာ၊ စာစောင်များတွင်မှ အဂတိလိုက်စားသည့်   ပြစ်မှုသတင်း အဖြစ် ကျူးလွန်သူတရားခံများကို ဖမ်းဆီး အရေးယူချပြနိုင်သည်အထိ   မျက်ဝါး ထင်ထင်      လက်ဆုပ်လက်ကိုင်ပြရန် ခက်ခဲသော်လည်း  တိုင်းပြည်၏ အုပ်ချုပ် ရေး၊    နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှုကို ယိုင်နဲ့ပျက်စီးစေသည်။
ကိုယ်ကျိုးစီးပွားအတွက် 
မျက်နှာသာပေး ဘက်လိုက်ခြင်း
မျက်နှာသာပေးဘက်လိုက်ခြင်း ပုံစံ ဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှု သည် Favor ဟူသော လက်တင်ဘာသာ စကားမှ   ဆင်းသက်လာပြီး   အမှန်ကို မစူးစမ်းဘဲ ဆန္ဒာဂတိဖြင့် မျက်စိမှိတ်၍ မိမိနှင့်  ချစ်ခင်အဆင်ပြေသူ၏   ဆန္ဒ အတိုင်းဘက်လိုက်ခြင်း (Favouritism)  ဟူသော အဓိပ္ပာယ်ရသည်။ ဤအဂတိ လိုက်စားမှုမျိုးတွင်    လူယုံမွေးခြင်း (Patronage) သည်လည်း ပုံစံတစ်မျိုးဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှုဖြစ်ပြီး ၎င်းအဂတိလိုက်စားမှုကို    ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရယန္တရားနှင့် နိုင်ငံရေး လောကတွင်    အတွေ့ရများသည်ဟု ပညာရှင်များက  ထောက်ပြကြသည်။ ကိုယ်ကျိုးအတွက်   မျက်နှာသာပေး ဘက်လိုက်ခြင်းပုံစံ အဂတိလိုက်စားမှု သည်  သမားရိုးကျ  မြင်သာထင်သာရှိသော အကြီးစားအဂတိလိုက်စားမှုနှင့် အသေးစားအဂတိလိုက်စားမှုများကဲ့သို့ မဟုတ် ဘဲ   ညင်သာစွာဖြင့်   အုပ်ချုပ်မှုယန္တရား အသီးသီးတွင်   အမြစ်တွယ်လေ့ရှိပြီး အစိုးရအုပ်ချုပ်ရေးပိုင်းတွင်   ဖြစ်ပွား သည့် အဂတိလိုက်စားမှု (Bureaucratic Corruption) ပုံစံခွဲတစ်မျိုးဟု သတ်မှတ် ကြသည်။  ဤပုံစံ   အဂတိလိုက်စားမှု အပေါ်   ပညာရှင်များက    လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာရှုထောင့်၊ စီးပွားရေး ဆိုင်ရာရှုထောင့်နှင့် နိုင်ငံရေးဆိုင်ရာ ရှုထောင့်များမှ    ဖော်ပြရေးသားကြ သည်။
လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ရှုထောင့်
ဖော်ပြပါပုံစံဖြင့်   အဂတိလိုက်စားမှု သည် အစိုးရဌာနဆိုင်ရာ အဂတိလိုက်စားမှု (Bureaucratic Corruption)ကို ဖြစ်ပွား စေသော   အဓိက   နှင်တံဖြစ်သည်ဟု ထောက်ပြကြသည်။   အစိုးရဌာနများ တွင် အဆိုပါမျက်နှာသာပေး၊ ဘက်လိုက် ခြင်းပြဿနာများ   နက်ရှိုင်းစွာအမြစ် တွယ်လာပါက        ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊  စိတ်အားထက်သန်မှု များ   ကျဆင်းသွားမည်     ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားသော   အလား အလာရှိသော ဝန်ထမ်းကောင်းများသည် အဖွဲ့အစည်းကို စွန့်ခွာသွားခြင်း၊ ၎င်းတို့ ၏  အရည်အချင်းများကို  အဖွဲ့အစည်း တိုးတက်ရေးအတွက် အသုံးမပြုတော့ဘဲ မျက်နှာသာရစေရေးအတွက်သာ အသုံး ချခြင်းတို့ကြောင့် အဖွဲ့အစည်းစိတ်ဓာတ် နှင့်  အဖွဲ့အစည်းဆိုင်ရာ    ယဉ်ကျေးမှု (Organizational Culture) ပျက်ပြား သွားမည်ဖြစ်သည်။      ဝန်ထမ်းများ အကြားတွင် မျက်နှာသာပေးခြင်း၊ လူယုံ မွေးခြင်းကြောင့် မှန်ကန်သည့်ယှဉ်ပြိုင်မှု များ မရှိတော့ပါ။ အရေးကြီးသည့် ရာထူး နေရာ၊ တာဝန်များတွင် မျက်နှာသာရထား သည့် လူယုံများသာကြီးစိုးလျှင် မှားယွင်း သည့်  စီမံခန့်ခွဲမှုများ၊   လူသားအရင်း အမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။ 
စီးပွားရေးရှုထောင့်
စီးပွားရေးရှုထောင့်အမြင်အရ မိမိ နှင့်အဆင်ပြေသော စီးပွားရေးလုပ်ငန်းရှင် များကို    တင်ဒါလုပ်ငန်းများပေးခြင်း၊ လုပ်ပိုင်ခွင့်များပေးခြင်းကြောင့် မှန်ကန် သည့် ယှဉ်ပြိုင်မှုမရှိတော့ဘဲ တစ်ဦးတည်း သို့မဟုတ် တစ်အုပ်စုတည်းက လက်ဝါး ကြီးအုပ် လုပ်ကိုင်ခြင်းများ  ဖြစ်ပေါ်လာ သည်။ အကျိုးဆက်အနေဖြင့်    စွန့်ဦး တီထွင်    လုပ်ငန်းငယ်ကလေးများက စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ ခြင်း၊ လုပ်ငန်းတစ်ခုလုံးကို   စီးပွားရေး သမားတစ်ဦး  သို့မဟုတ်   တစ်ဖွဲ့ကသာ နေရာယူထားသောကြောင့်   စျေးကွက် စီးပွားရေးစနစ်  ပုံပျက်ကာ   စားသုံးသူ ပြည်သူလူထုက စျေးကစားသည့်ဒဏ်ကို ခံရခြင်း စသည့်အကျိုးဆက်ပြဿနာများ ကြုံတွေ့ရသည်။
နိုင်ငံရေးရှုထောင့်
နိုင်ငံရေးဆိုင်ရာ   လူယုံမွေးမှုသည် ကမ္ဘာ့နိုင်ငံအများစုတွင်  ခေတ်အဆက် ဆက်မှ   ယနေ့တိုင်    ဖြစ်ပွားနေသော အဂတိလိုက်စားမှုဖြစ်သည်။ ၎င်းအဂတိ လိုက်စားမှုတွင် မိမိပါတီအောင်နိုင်ရေး အတွက် အထောက်အပံ့ကောင်းပေးနိုင် မည့်   ပုဂ္ဂိုလ်များအား    အစိုးရနေရာ ရာထူးကြီးများတွင် ပေးခြင်း၊ ငွေကြေးနှင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် သူဌေး သူကြွယ်များကို လုပ်ပိုင်ခွင့်ပေး၍ လူယုံ မွေးခြင်းတို့   ပါဝင်သည်။   လက်သပ် မွေးထားသည့်   လူယုံများဖြင့်   ဖွဲ့စည်း တည်ဆောက်ထားသော အတွင်းအကျ ဆုံး လူယုံလူတန်းစားအဖွဲ့အစည်း(Ultra Elite Network) ဖြင့် အုပ်ချုပ်ခြင်းကြောင့် အုပ်ချုပ်သူလူနည်းစု၏    အကောင် အထည်ဖော်လိုသော   မူဝါဒမှာ   ပြင်ပ လက်တွေ့အခြေအနေများနှင့် ကိုက်ညီ မှုမရှိခြင်း၊ ခေတ်၏ကြေးမုံပြင်ကို မထင် ဟပ်နိုင်ခြင်း၊ အမှန်တကယ်အရှိတရားကို မျက်ကွယ်ပြုသည့် ပြဿနာဖြစ်ပေါ်လာ ခြင်းစသည့် မလိုလားအပ်သော အကျိုး ဆက်တို့ကို အုပ်ချုပ်ခံလူတန်းစားတစ်ရပ် လုံးက ခံစားရသည်။
နိုင်ငံတကာမှသင်ခန်းစာများ
လူမှန်၊ နေရာမှန်  ဆောင်ရွက်ခြင်း မရှိဘဲ လူယုံကိုသာမျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို    ယခင်ကနိုင်ငံ အများစု၏ ဥပဒေထဲတွင် တိတိကျကျ ပုဒ်မတစ်ခုဖြင့်   ပြဋ္ဌာန်းသတ်မှတ်ပြီး အရေးယူခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၁၀ တွင် ပြန်လည်ဖြည့်စွက်   အတည်ပြုခဲ့ သော    ပါလက်စတိုင်းနိုင်ငံ၏     အဂတိ လိုက်စားမှုတိုက်ဖျက်ရေး   ဥပဒေတွင် မျက်နှာသာပေး    ဘက်လိုက်ခြင်းကို အဂတိအမှုဖြင့် သတ်မှတ်ပြီး ကျူးလွန်သူ အား ထောင်ဒဏ်သုံးနှစ်မှ ဆယ်နှစ်အထိ ကျခံစေရန် သတ်မှတ်ခဲ့ပါသည်။ တောင် ကိုရီးယားသမိုင်းတွင်   ရွေးကောက်ခံ သမ္မတတစ်ဦးအနေဖြင့်    ပထမဆုံး ဖယ်ရှားခံရသူ အမျိုးသမီးသမ္မတဟောင်း  မစ္စပတ်ဂွန်းဟီး (၂၀၁၃ -၂၀၁၇) သည်  သူမကျူးလွန်သည့်  အဂတိလိုက်စားမှု များတွင် အဓိကကျသည့် အားပေးပံ့ပိုး သောသူတစ်ဦးမှာ   သူမ၏   လူယုံ၊ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ Ms.  Choi Soon -Sil ဖြစ်ပြီး နိုင်ငံရေး၊ မဲဆွယ် စည်းရုံးရေးနှင့်  စီးပွားရေးကိစ္စများတွင် ပါဝင်ပတ်သက်နေသောကြောင့်   ၎င်း အမျိုးသမီးမှာ  ထောင်ဒဏ်    ၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။    အင်ဒိုနီးရှား နိုင်ငံ၏   သမ္မတဟောင်းတစ်ဦးဖြစ်သူ  မစ္စတာဆူဟာတို (၁၉၆၇ - ၁၉၉၈) သည် သူ၏သမ္မတသက်တမ်း   ၁၈    ကျော် ကာလအတွင်း     အဂတိလိုက်စားမှု ပေါင်းများစွာဖြင့်     နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူတစ်ဦး      ဖြစ်သည်။ Transparency International က ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်သည့်  ကမ္ဘာ့အဂတိ လိုက်စားမှု အများဆုံးအုပ်ချုပ်သူစာရင်း တွင် မစ္စတာဆူဟာတိုသည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။  သမ္မတဟောင်း  မစ္စတာ ဆူဟာတို လက်ထက်တွင်  အစိုးရအဖွဲ့ အတွင်း လူယုံမွေးခြင်း၊ စီးပွားရေးသမား များနှင့် မလျော်ကန်သောဆက်နွှယ်မှုများ ရှိခြင်း၊   မိမိ၏    ဆန္ဒသဘောထားကို အကောင်အထည်မဖော်ဘဲ    မှန်ရာကို တင်ပြသည့် ပုဂ္ဂိုလ်များအား  ဖယ်ထုတ် ခြင်း၊ မိမိ၏ လူယုံများသာ အုပ်ချုပ်ရေး တွင် ကြီးစိုးခြင်းကြောင့် နိုင်ငံ၏ စီးပွား ရေး၊ လူမှုရေးများ မငြိမ်မသက်ဖြစ်ကာ နောက်ဆုံးတွင် မစ္စတာဆူဟာတို ရာထူး မှ ဖယ်ရှားခံခဲ့ရသည်။
 လူမှန်၊ နေရာမှန်   ဆောင်ရွက်ခွင့် မပေးဘဲ လူယုံမွေးခြင်း၊ မိမိကိုယ်ကျိုး စီးပွားအတွက် ဆောင်ရွက်ပေးနေသူကို သာ မျက်နှာသာပေးခြင်း စသည့်ပုံစံဖြင့် ကျူးလွန်သော အဂတိလိုက်စားမှု သည် မြင်တွေ့လွယ်သော   ငွေကြေး၊   တံစိုး၊ လာဘ်လာဘများပေးသကဲ့သို့ လက်ဆုပ် လက်ကိုင်  အလွယ်တကူပြရန်   ခက်ခဲ သော  အဂတိအမှုကိစ္စဖြစ်သည်။   ၎င်း အဂတိအမှုတွင်   ပါဝင်ပတ်သက်သူ   (လူယုံ)   သည်လည်း    ပါးနပ်ညင်သာ သကဲ့သို့၊ ကျူးလွန်သူ (လုပ်ပိုင်ခွင့်ရှိသူ) ကိုယ်တိုင်ပင်   မိမိသည်   လူယုံမွေး ကိုယ်ကျိုးရှာနေသည် သို့မဟုတ် ဆရာ မွေးခံရသည်ဟု မယူဆဘဲ မိမိအတွက်၊ မိမိအဖွဲ့အစည်းအတွက်  သစ္စာရှိသူများ ဝန်းရံနေသည်ဟု   အထင်မှားယွင်းပြီး ၎င်းတို့၏     ပြောဆိုကြံစည်သမျှကို လက်သင့်ခံကာ   ပိုမိုကျယ်ပြန့်သော၊ ဘက်ပေါင်းစုံအခြေခံအကြောင်းတရား များကို  မူတည်၍  သက်သေအခြေပြု မူဝါဒများ မချမှတ်နိုင်ခြင်း (Evidence-Based policy)၊   ကောင်းမွန်သော အုပ်ချုပ်မှုများကို မဆောင်ရွက်နိုင်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပွားစေတတ် သည်။ အဆုံးတွင် နိုင်ငံတော်နှင့် တိုင်းသူ ပြည်သား၏ အကျိုးစီးပွားကို   ပျက်စီး စေရုံသာမက ကျူးလွန်သူ၏ ဖြောင့်မတ် တည်ကြည်မှု၊ ဂုဏ်သိက္ခာပါ  ကျဆုံးစေ ခြင်းကြောင့် လူမှန်နေရာမှန် ဆောင်ရွက် ခြင်းမရှိဘဲ လူယုံကိုသာ မျက်နှာသာပေး သည့် အဂတိလိုက်စားမှုကို အလေးထား ဂရုပြုသင့်ပါသည်။
နိဂုံး
ထို့ကြောင့်    မိမိအကျိုးအတွက် ဘက်လိုက်ဆက်ဆံခြင်းမှ အစပြုခဲ့သော ဆက်စပ်၊ ဆက်နွှယ်ပြုမူမှုများသည် နိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရား ဥပဒေစိုးမိုးရေး    အစရှိသည်တို့အား လွန်စွာ ထိခိုက်နစ်နာလှသည့် ဖြစ်ရပ် များသို့ ဦးတည်နေသည်ကို သတိချပ်စေ အပ်ပါသည်။
လူအများက အဂတိလိုက်စားခြင်း ကို လာဘ်စားခြင်းတစ်ခုတည်းကိုသာ အမြင်မှား၊ အသိမှား ဖြစ်နေတတ်သည်။ အမှန်အမြင်မှာ   အဂတိလိုက်စားခြင်း ဆိုသည်ကို လာဘ်စားခြင်းတစ်ခုတည်း ဟု   သိမြင်နေခြင်းထက်    ကျယ်ပြန့် နက်ရှိုင်းစွာသိနေရန်   လိုအပ်လှသည်။ ဗုဒ္ဓမြတ်စွာဘုရားပင်လျှင် သင်္ဂါလုလင်ကို မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ် ရမည့်  ကမ္မကိလေသတရားလေးပါးကို ပြညွှန်းတော်မူခဲ့ပြီး    အဂတိတရား လေးပါးကို မလိုက်စားအပ်ကြောင်းဆုံးမတော်မူခဲ့သည်။ ၎င်းအဂတိ   တရား လေးပါးသည် (၁) ဆန္ဒာဂတိ၊ (၂) ဒေါသာ ဂတိ၊ (၃) မောဟာဂတိ၊ (၄) ဘယာဂတိ တို့ပင် ဖြစ်သည်။
ဆန္ဒာဂတိမှာ ချစ်ခင်သဖြင့် မလိုက် သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့် သည်ကိုပြုခြင်း၊ ဒေါသာဂတိမှာ စိတ်ဆိုး သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက် ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ မောဟာ ဂတိမှာ  ဆင်ခြင်တုံတရားမရှိဘဲ   မိုက်မဲ တွေဝေသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို   ပြုခြင်း၊ ဘယာဂတိမှာ ကြောက်ရွံ့သဖြင့် မလိုက် သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့် သည်ကို   ပြုခြင်းတို့ကြောင့်    အဂတိ လိုက်စားမှုသည် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊  ကျင့်ဝတ် ဆိုင်ရာ စံတန်ဖိုးများနှင့် တရားမျှတမှုကို သွေဖည်ခြိမ်းခြောက်လျက်ရှိကြောင်း တွေ့နေရသည်။    လူ့အဖွဲ့အစည်းကို လည်း မတည်မငြိမ်ဖြစ်စေလျက် တရား ဥပဒေစိုးမိုးရေးကိုပါ အန္တရာယ်ပြုလျက် ရှိနေသည်။    အဂတိလိုက်စားမှုသည် ဓလေ့ထုံးတမ်းအစဉ်အလာ (Institution) နှင့် ဒီမိုကရေစီစံတန်ဖိုးများကို လှိုက်စား စေတတ်ပြီး ချည့်နဲ့အားနည်းပျက်သုဉ်းသွားစေတတ်သောသဘောလည်း ဖြစ် နေတတ်သည်။   သို့ဖြစ်၍   အဂတိ လိုက်စားမှု၏ ဆိုးရွားသော ရိုက်ခတ်မှု များကို  အပြင်းထန်ဆုံး   ထိခိုက်ခံစား ရသူများမှာ အခြေခံလူတန်းစား ပြည်သူ များသာဖြစ်သဖြင့် အဂတိလိုက်စားမှုကို ပြည်သူတစ်ရပ်လုံးက တွန်းလှန်တားဆီး ကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါ သည်။       ။
ရည်ညွှန်းကိုးကား -  
(1)    Causes of Corruption in Indon-esia 
(2)    Public   Appointment    from patronage to Merits
(3)    Patronage - driven Corruption undermining the fight  against poverty 
(4)    Governance and Patronage 
(5)    Corruption in South Korea