လူမျိုးမရွေး ဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    ဧပြီ   ၃


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက်  ဒေသခံ ပြည်သူများ၊       အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊     နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ  စသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊         သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း    လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် ၌ ဒေသခံပြည်သူ ၁၆၀၇၀၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ် မြို့နယ်၌ ဒေသခံပြည်သူ ၅၆၄၅ ဦးနှင့်   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံ ပြည်သူ ၃၂၄၀  တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်       ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      


 သတင်းစဉ်