လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   မတ်   ၁၅   


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး     ဝန်ကြီးဌာန ဝန်ထမ်းများ၏     လူ့စွမ်းအား အရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့်  ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်   ရည်ရွယ်သည့်  Kno-wledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန     ရုံးအမှတ် (၁) ၌     ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ယနေ့ ဆွေးနွေးတင်ပြသည့်  ခေါင်းစဉ် သည်   “နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတိုးချဲ့ရေးနှင့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ      ဆက်သွယ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ”   ဖြစ်ပါ ကြောင်း၊     ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်    နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည်   အရေးကြီး သော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါကြောင်း၊    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကိုပါ    ဖိတ်ခေါ်ဆောင်ရွက်ရပါ ကြောင်း၊  မိမိတို့ နိုင်ငံတွင်လည်း ၁၉၉၀ ပြည့်နှစ်ကတည်းက ဥပဒေ များပြဋ္ဌာန်း၍  နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို     ဖိတ်ခေါ်ခဲ့ပါ ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များတွင် အာဆီယံရင်းနှီးမြှုပ်နှံမှု နယ်ပယ် (ASEAN Investment Area- AIA)  ကို  တည်ထောင်၍ ရင်းနှီးမြှုပ်နှံမှု   မြှင့်တင်ရေးကို    အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ  တစ်ဦးတစ်ယောက် ချင်းဖြစ်စေ၊    အစုအဖွဲ့နှင့် ဖြစ်စေ ငွေအရင်းအနှီးများ မြှုပ်နှံခြင်းဖြစ် ပါကြောင်း၊    မြန်မာနိုင်ငံတွင် အများဆုံးပြုလုပ်သော     ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှာ     ရေနံ တူးဖော်ရေးလုပ်ငန်းနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း တို့ ဖြစ်ကြပါကြောင်း၊ လုပ်သား အင်အားများပြားသော    CMP လုပ်ငန်းများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြပါ ကြောင်း၊   မြန်မာနိုင်ငံ၏  စက်မှု ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၌   MSME  လုပ်ငန်းများသည် ၉၅ ရာခိုင်နှုန်း ရှိပါကြောင်း၊ ယခုဆွေးနွေးသည့်  ခေါင်းစဉ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်      အရေးပါသော ဆွေးနွေးချက်များ    ဖြစ်သဖြင့်  တက်ရောက်     လာကြသူများက   စိတ်ပါဝင်စားစွာဖြင့်    တက်တက် ကြွကြွ    ပါဝင်ဆွေးနွေးကြစေလို ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဆွေးနွေးတင်ပြ မှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံ မှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့် ဟန်က “နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးနှင့်  အသေး စားနှင့်    အလတ်စားစီးပွားရေး လုပ်ငန်းများ    ဆက်သွယ်ချက် ဆိုင်ရာ     လုပ်ထုံးလုပ်နည်းများ”   ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။ 
ထို့နောက်  ဒုတိယဝန်ကြီးက   နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ MSMEs လုပ်ငန်းများသို့     နည်းပညာ လွှဲပြောင်းရေးအတွက်  ပြဋ္ဌာန်း ချက်များ၊    နည်းပညာလက်ခံရရှိနိုင် မည့် MSMEs များ၏   စွမ်းရည် လိုအပ်ချက်ကဏ္ဍများနှင့်စပ်လျဉ်း ၍     ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်   လာကြသူများက သိရှိလိုသည်များကို     ဝိုင်းဝန်း မေးမြန်းဆွေးနွေးခဲ့ကြသည်။ 


အခမ်းအနားသို့     ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း /  အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ   Online ဖြင့်   တက်ရောက်သည့်    အရာ ထမ်း/အမှုထမ်းများ အပါအဝင်   စုစုပေါင်း  ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။


သတင်းစဉ်