
နေပြည်တော် ဖေဖော်ဝါရီ ၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် ပြည်ပတွင် ကျင်းပပြုလုပ် ခဲ့သည့် ကာလတို၊ ကာလရှည်သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ Seminarများ ၊ အစည်းအဝေးပွဲများသို့ တက်ရောက်စေလွှတ်ခဲ့ရာ အဆိုပါ ဝန်ထမ်းများက ၎င်းတို့တွေ့ကြုံ ခဲ့ရသော အသိပညာ၊ ဗဟုသုတနှင့် နိုင်ငံခြားပညာသင်များက လေ့လာသင်ယူခဲ့ရသော ဘာသာရပ်များကို မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အား ပြန်လည်မျှဝေသည့် ဆွေးနွေးပွဲ (Knowledge Sharing Programme - KSP) ကို ယနေ့မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဝန်ထမ်းများစွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသိပညာမျှဝေသည့် အစီအစဉ် (Knowledge Sharing Programme) ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများသည် နိုင်ငံတော်၏ ယန္တရားလည်ပတ်နိုင်ရန် ဆောင်ရွက် နေသော အင်အားစုများဖြစ်သဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်တက်လာခြင်းသည် နိုင်ငံတော် ၏လုပ်ငန်းများ စွမ်းဆောင်ရည်ပြည့်ဝစေရေးအတွက် များစွာ အထောက်အကူဖြစ်ပါကြောင်း၊ တစ်ဦး တစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားမှုသည် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအရည် အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများနှင့် လုပ်ငန်း ကျွမ်းကျင်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း ပြောကြား သည်။ (အပေါ်ပုံ)
ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန အာဆီယံစီးပွားရေး အသိုက်အဝန်းဌာနခွဲမှ ညွှန်ကြားရေးမှူးက အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများ၏ စီးပွားရေး ပေါင်းစည်းမှုဖြင့် ဆောင်ရွက်နေသည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ပေါ်ပေါက် လာမှု၊ ဒေသတွင်း အေအီးစီ အကောင်အထည်ဖော်မှု များနှင့် မြန်မာနိုင်ငံ၏ အေအီးစီ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် အေအီးစီ ၂၀၂၅ အလွန် အာဆီယံက လိုက်ပါဆောင်ရွက်မည့် အစီ အစဉ်များကို ဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိများ၊ အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက် ကြပြီး အသိပညာမျှဝေဆွေးနွေးပွဲ (Friday Talk) ကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်