
ကောင်းမွန်
ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦး ခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
ကျောက်တော်မြို့နယ်တွင် မြစ် ချောင်းများ ပေါများပြီး ကစ္ဆပနဒီမြစ် ခေါ် ကုလားတန်မြစ်သည် ကျောက်တော် မြို့အနီးမှ ဖြတ်သန်းစီးဆင်းကာ ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် မပူမပင်ရသော မြို့နယ်တစ်ခုဖြစ်သည်။ ကျောက်တော်မြို့သည် ကုန်းလမ်း ရေလမ်းဆုံရာ မြို့ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် သောမြို့ဟုဆိုနိုင်သည်။ အဓိကထွက်ကုန် မှာ ဆန်စပါးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။
သို့သော်လည်း ကျောက်တော် မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်တည်ရှိသဖြင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသော မြို့တစ်မြို့ဖြစ်သည်။ မိုးဦးကာလနှင့် မိုးနှောင်းကာလများတွင် သဘာဝဘေး အန္တရာယ်များ အဖြစ်များလေ့ရှိသည်။ ၂၀၂၃ ခုနှစ် မိုးဦးကာလ မေလ ၁၄ ရက် နေ့က တိုက်ခတ်ခဲ့သော အလွန့်အလွန် အင်အားပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ကို ကျောက်တော်မြို့သည်လည်း ခံစားခဲ့ ရသည်။
ရခိုင်ပြည်နယ်သည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးပြည်နယ်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏ ၉၇ ဒသမ ၇၃ ရာခိုင်နှုန်းရှိသည်။ ထိုအထဲတွင်မှ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် စစ်တွေ၊ ရသေ့ တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့သည် ပျက်စီး ဆုံးရှုံးမှုများသော မြို့နယ်များဖြစ်သည်။
ထိခိုက်ပျက်စီး မြို့နယ်အလိုက် ပျက်စီးဆုံးရှုံးမှုများအနေဖြင့် စစ်တွေ မြို့သည် ရခိုင်ပြည်နယ်အတွင်း ပျက်စီး ဆုံးရှုံးမှုအများဆုံးမြို့ဖြစ်ပြီး တန်ဖိုး အားဖြင့် ကျပ် ၂၂၃ ဘီလီယံခန့် ဆုံးရှုံး ခဲ့ကြောင်း တွေ့ရသည်။ ရခိုင်ပြည်နယ် အတွင်း မြို့နယ်များအနက် ကျောက် တော်မြို့နယ်တွင် စာသင်ကျောင်း အများဆုံးပျက်စီးခဲ့ပြီး ကျောင်းပေါင်း ၂၁၃ ကျောင်း ပျက်စီးခဲ့သည်။ ဌာန ဆိုင်ရာရုံး သုံးရုံးပျက်စီးခဲ့ပြီး ဘာသာ ရေး အဆောက်အအုံများ ပျက်စီးမှုမှာ စေတီ ရှစ်ဆူ၊ ဘုန်းတော်ကြီးကျောင်း ၂၅၈ ကျောင်းနှင့် ဘာသာရေးအဆောက် အအုံများ ပျက်စီးခဲ့သည်။
အခြေခံအဆောက်အအုံ ပျက်စီးမှု အနေဖြင့် ဓာတ်တိုင် ၁၁၂၃ တိုင်၊ စက်လှေ ၁၃၉ စင်း၊ ဆန်စက် ၂၇ လုံးတို့ ပျက်စီး ခဲ့သည်။ အိမ်ထောင်စုပေါင်း ၄၀၀၀၀ ကျော် (လူဦးရေနှစ်သိန်းကျော်) မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံခဲ့ရကာ ပျက်စီးဆုံးရှုံးမှုများမှာ လူနေအိမ်ပျက်စီး မှုအနေဖြင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် ၃၃၆၃၃ လုံး၊ အလုံးစုံပျက်စီးမှု ၁၂၀၁၃ လုံးပျက်စီးခဲ့ပြီး လူသေဆုံးမှုမရှိသည်ကို တွေ့ရသည်။ တိရစ္ဆာန်သေဆုံးမှုအနေဖြင့် အများဆုံး ဖြစ်ပြီး ကျွဲ ၃၆၈ ကောင်၊ နွား ၉၆၁ ကောင်၊ ဝက် ၃၃၇ ကောင်၊ ကြက် ၅၁၁၄ ကောင်နှင့် အခြား ၂၈ ကောင်ရှိသည်။
ကြိုတင်ပြင်ဆင်မှု
မိုခါမုန်တိုင်းနှင့် ပတ်သက်၍ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းမဖြစ်မီကပင် မေလ ၆ ရက် နေ့က အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်။ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် မေလ ၈ ရက်နေ့တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ် ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်ရှိသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သည့် ရှေ့ပြေး ကူညီကယ်ဆယ်ရေးလုပ်ငန်း များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ သည်။ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့တွင် အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ် ပြောင်းလဲကာ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့အနီးမှဖြတ်သန်း ဝင်ရောက်မည်ဟု ခန့်မှန်းချက်အရ မေလ ၁၂ ရက်နေ့တွင် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်စုဖွဲ့ထားသော ယာဉ်အုပ်စုအချို့ကို ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့တို့သို့ ကြိုတင် စေလွှတ်ခဲ့သည်။ ကျောက်တော်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာနေရာများသို့ ကြိုတင် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ထားခဲ့ ကြသည်။
တပ်ဖွဲ့ဝင်များပါဝင်
အဆိုပါယာဉ်အုပ်စုတွင် ယာဉ်အစီး ရေ ၁၁၂ စီးပါရှိကာ အုပ်စု ၁၀ စုခွဲပြီး အုပ်စုတစ်စုတွင် ကွပ်ကဲရန် တပ်မတော် မှ အရာရှိကြီးတစ်ဦး ပါရှိသည်။ အင်ဂျင် နီယာ တပ်ဖွဲ့ဝင်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေးတပ်ဖွဲ့ဝင် များ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြား ရေးမှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ရန် တပ်ဖွဲ့ဝင် များပါဝင်ပြီး မော်တော်ယာဉ်များ၊ ပဲ့ချိတ် စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆော နှင့်လက်သုံးကိရိယာများ၊ အသက်ကယ် အင်္ကျီ၊ အသက်ကယ် ဗောကွင်း၊ မိုးကာ တဲများ၊ တာပေါ်လင်စများ၊ ပစ္စည်း ၁၄ မျိုးပါ အရေးပေါ်သေတ္တာများ၊ မြွေဆိပ်ဖြေဆေးအပါအဝင် ဆေးမျိုးစုံ၊ ဆက်သွယ်ရေးစက်မျိုးစုံနှင့် အခြား လိုအပ်သော ဆက်စပ်ပစ္စည်းများလည်း ပါဝင်သည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများ အနက် တစ်နာရီလျှင် သောက်ရေ ဂါလန် ၄၀၀ သန့်စင်ပေးနိုင်သည့် ရေသန့်စင် ယာဉ်အပါအဝင် ယာဉ် ၁၈ စီးပါဝင်သည့် ယာဉ်အုပ်စု (၁) သည် စစ်တွေမြို့သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိအခြေ ပြု၍ ရန်ကုန် - စစ်တွေ ကားလမ်း တစ်လျှောက် သဘာဝဘေးဒဏ်ကြောင့် ကျိုးကျပိတ်ဆို့လျက်ရှိသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဖယ်ရှား ခြင်း၊ သောက်သုံးရေ အခက်အခဲဖြစ်ပေါ် နေသော နေရာများသို့ ရေပေးဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ်လင်များ ဖြန့်ဝေ ခြင်းနှင့် နယ်မြေခံတပ်မှ တပ်မတော် သားများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးကြ ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးခဲ့ကြသည်။ ကျောက်တော်မြို့ သို့ ရောက်ရှိနေသည့် ယာဉ်အုပ်စုသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေသန့် ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သောက် သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် နေရာများသို့ သောက်သုံးရေပေးဝေခြင်း၊ ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ ကြသည်။
သဘာဝဘေးအန္တရာယ်ကျရောက်သော
ဒေသများ
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည် နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင် မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့ နယ်၊ ဂွမြို့နယ်၊တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့ နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့ နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ် တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသ များအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး တပ်မတော်အရာရှိကြီးများကို မြို့နယ် အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးအပ်ခဲ့ရာ ဗိုလ်မှူးချုပ် အောင်သူဦး အား ကျောက်တော်မြို့နယ် တွင် ကြီးကြပ်ရန် တာဝန်ပေးခဲ့သည်။
တာဝန်ပေးအပ်ခံရသော တပ်မတော် အရာရှိကြီးများအနေဖြင့် မိမိတာဝန် ကျရာ မြို့နယ်သို့ ရောက်ရှိပါက မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးမှုများကို ဦးစားပေး ရှင်းလင်းပြီး လျှပ်စစ်မီး ရရှိရေး၊ ဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်ရေ သန့်ရရှိရေး၊ အခြေခံပညာကျောင်းများ ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပေးနိုင် ရေး၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်း များကို ဦးစားပေးပြုပြင်ရေး၊ နိုင်ငံတော် မှ ပေးပို့နေသည့် ရိက္ခာ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများကို မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများထံသို့ စနစ်တကျနှင့် မြန်မြန် ဆန်ဆန် ထောက်ပံ့ရေး၊ စာရင်းဇယား များ မှန်ကန်ရေး စသည်ဖြင့် မိမိတို့ တာဝန်ယူ ကြီးကြပ်ရမည့်အပိုင်းများကို အစီအမံကောင်းကောင်းဖြင့် တိတိကျကျ လိုက်နာ ဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့ သည်ကို တွေ့မြင်ရသည်။
အချိန်မဆိုင်းဘဲဆောင်ရွက်ခဲ့
မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ် ပြီးချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် လိုအပ်ချက်များကို သုံးသပ်တွက်ချက်ပြီး အသင့်စီမံထားသည့် ထောက်ပံ့ရေး ပစ္စည်းများကို တပ်မတော်မှစစ်ရေယာဉ် များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ ဖြင့် ပို့ဆောင်ပေးခြင်း၊ ဒေသအလိုက် ကြိုတင်စုဖွဲ့ထားသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များကလည်း အပျက်အစီး များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း အချိန်မဆိုင်းဘဲ ဆောင်ရွက်ပေးခဲ့သည် ကိုတွေ့ရသည်။
မေလ ၁၆ ရက်နေ့တွင် ကျောက်တော် မြို့သို့ တာဝန်ရှိသူများ ရောက်ရှိလာပြီး ပြည်သူများ ကြုံတွေ့နေရသည့် အခက် အခဲများ၊ လိုအပ်ချက်များကို ကူညီ ဖြည့်ဆည်းပေးကြသည်။ မကြာမီ ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံ များကို ဦးစားပေးပြုပြင်ရန်နှင့် သယ်ယူ ပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်တော်မြို့တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူ ဦးသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တွေ့ဆုံကာ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပြည်သူလူထု လက်ဝယ် အရောက် ထိထိရောက်ရောက်ဖြန့်ဝေ နိုင်ရေး ကော်မတီများဖွဲ့စည်းထားရှိပြီး စနစ်တကျ ဆောင်ရွက်ရန်၊ ပြည်သူများ ဝမ်းစာဖူလုံရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ အနာရောဂါကင်းရှင်း ရေး အလေးထားဆောင်ရွက်ရန် အကြံပြု ဆွေးနွေးခဲ့ပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ နေအိမ်များ ပြိုလဲပျက်စီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကို ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ခဲ့ပြီး အဆိုပါကျောင်းတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား ကျောင်းသူ ၃၇၈ ဦး ပညာသင်ကြားလျက် ရှိသည်။
ဗိုလ်မှူးချုပ် အောင်သူဦးက ကျောင်းသား ကျောင်းသူများအား နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ သည် အရေးပါသည့်အတွက် စိုက်ပျိုး ရေး ပညာရပ်များကို ကျွမ်းကျင် တတ်မြောက်အောင် ကြိုးစားသင်ယူ ကြရန် ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် သောက်သုံးရေ များ ဖြန့်ဝေပေးခဲ့သည်။
ကျောက်တော်မြို့တွင် ရောက်ရှိနေ သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ခေါင်းတုတ်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့များသည် မေလ ၂၀ ရက်တွင် ကျောက်တော်မြို့နယ် သရက်တပင်၊ စဖိုသားနှင့် အတွင်းရွာ သုံးရွာရှိ ရေတွင်း ရေကန်များကို ရေသန့်ဆေးများ ခတ်ပေး ခြင်း၊ ရေသန့်စင်ဆေးပြား ၇၀၀ ဖြန့်ဝေ ပေးခြင်း၊ ပြည်သူများအား ကျန်းမာရေး ပညာပေးခြင်းများ ဆောင်ရွက်ပေး ခဲ့သည်။
မုန်တိုင်းအလွန်ကာလ ရခိုင်ပြည် နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသ များတွင် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ပေါက်တောမြို့နယ်တွင် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့၊ ရသေ့တောင် မြို့နယ်တွင် အရေးပေါ်တုံ့ ပြန်ရေးအဖွဲ့ နှစ်ဖွဲ့၊ ကျောက်တော်မြို့နယ်တွင် အထူးကု ဆေး အဖွဲ့တစ်ဖွဲ့၊ မင်းပြားမြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တစ်ဖွဲ့နှင့် အထူးကုဆေးအဖွဲ့တစ်ဖွဲ့၊ မောင်တော မြို့နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်တွင် အရေး ပေါ်တုံ့ပြန်ရေး အဖွဲ့တစ်ဖွဲ့နှင့် မြေပုံမြို့ နယ်တွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
သန့်ရှင်းသောသောက်သုံးရေရရှိရေး အတွက် ရေကန်များ၌ ရေသန့်ဆေးများ ခတ်ခဲ့ပြီး ကူးစက်ရောဂါမဖြစ်ပွားစေရေး နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွား စေရေးအတွက် ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာ ရေး ပညာပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။
ပြန်လည်ထူထောင်ရေး
မုန်တိုင်းဝင်ရောက်ပြီးနောက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တပ်မတော်နှင့် နိုင်ငံတော်က ပြင်းပြင်း ထန်ထန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ သည်ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက် ရာတွင်လည်း ဦးစားပေးအလိုက် ကျောင်းဖွင့်ရာသီ ဖြစ်သည်နှင့်အညီ ကျောင်းသား ကျောင်းသူများ အချိန်မီ စာသင်ကြားနိုင်ရန် စာသင်ကျောင်း များကို အမြန်ဆုံး ပြုပြင်ပေးခဲ့သည်။ ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်သော ဇွန်လ ၁ ရက်နေ့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ပျက်စီးမှု ဆိုးရွားသော ကျောင်းများအား ကျောင်း ဖွင့်ပြီး ၁၇ ရက်အကြာတွင် ရခိုင်ပြည် နယ်အတွင်းရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရခိုင်ပြည်နယ်တွင် ကျောင်း အပ်နှံမှုအများဆုံး ပြည်နယ်အဆင့်အထိ ရောက်ရှိခဲ့သည်။
ကျန်းမာရေး ကဏ္ဍတွင်လည်း ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ဝန်ထမ်းအိမ်ရာ၊ ဆေးရုံသုံးစက်ကိရိယာ၊ ဆေးဝါးနှင့် ပရိဘောဂပျက်စီးမှုများကို ပြန်လည်ပြုပြင် ဖြည့်ဆည်ပေးခဲ့ပြီး ထိခိုက်ခံစားလွယ်သူများအတွက် ရွေ့လျား ဆေးခန်းများ၊ ယာယီကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းများ၊ ကလေးသူငယ် များအား ကာကွယ်ဆေးတိုက်ကျွေးခြင်း နှင့် ထိုးနှံခြင်းများ၊ အာဟာရကျွေးမွေး ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ကူးစက် ရောဂါများ မဖြစ်ပွားစေရန် သောက်သုံး ရေပြတ်လပ်မှုမရှိစေရေးနှင့် မိလ္လာစနစ် ကောင်းမွန်စေရေး ဆောင်ရွက်ပေး ခဲ့သည်။
အခြေခံ အဆောက်အအုံများဖြစ် သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင် ခြင်း၊ ရေငန်တားတမံများ ပြန်လည် ပြုပြင်ခြင်း၊ လျှပ်စစ်မီးတိုင်များ ပြန်လည် စိုက်ထူခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင် ရွက်ပေးခြင်း၊ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်ရေး စသည်ဖြင့် အခြေခံလိုအပ်ချက်များကို အချိန်တို အတွင်း ပြန်လည်ဆောင်ရွက်ပေးနိုင် ခဲ့သည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူ့အသက်ထက် အရေးကြီးတာ ဘာမျှ မရှိ၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန် ရှိစေရေး၊ မူလအခြေအနေထက် သာလွန် ကောင်းမွန်စေရေး စသည့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက် များကို မူဝါဒအဖြစ် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် မုန်တိုင်းဖြစ်ပွားပြီး ခြောက်လအကြာ တွင် မူလအခြေအနေထက် ပိုမိုကောင်း မွန်သည့် အဆင့်အထိရောက်ရှိခဲ့သည်။
ထိခိုက်သေဆုံးမှုနည်းပါး
ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်း ကြောင့် ထိခိုက်သေဆုံးရသည့် အရေ အတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၁၄၈ ဦးသာရှိခဲ့သည်။ မုန်တိုင်းအဆင့် နှင့် နှိုင်းယှဉ်ပါက သေဆုံးမှု အလွန် နည်းပါးသည်ကို တွေ့ရသည်။ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် နိုင်ငံတစ်ဝန်း မည်သည့်ဒေသတွင်မဆို မိမိတို့သွေးချင်း များ မည်ကဲ့သို့သော ဘေးအန္တရာယ်များ ကျရောက်စေကာမူ ကူညီကယ်ဆယ် စောင့်ရှောက်ပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဟုခံယူကာ လက်ရှိနိုင်ငံတာဝန် ကိုယူထားသော အစိုးရက စိတ်စေတနာ အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေး ခဲ့သည်။
မုန်တိုင်းပြီးလျှင် လေပြည်လေညင်း ရောက်လာမည်ဟု ထင်ထားသော်လည်း မိုခါမုန်တိုင်းဝင်ရောက်ပြီး ခုနစ်လအကြာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မူလအခြေအနေထက် သာလွန် ကောင်းမွန်ချိန်တွင် မိမိတို့သွေးချင်း ညီအစ်ကိုများ မိမိတို့အိုးအိမ်တိုက်တာ များကို စွန့်ခွာနေရခြင်းကို စိတ်မကောင်း ဖြစ်ရသည်မှတစ်ပါး ပြောစရာစကား မရှိတော့ပြီ။ ။
- Log in to post comments