
မိမိတို့တာဝန်ယူသည့်ကာလအတွင်း ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းရပ်အသစ်များကို ဆောင်ရွက်ခြင်းထက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းရပ်များအား အောင်မြင်အောင် ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများစွမ်းရည်ရှိအောင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား အောင်မြင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြရန်လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)