လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲနှင့်  (၁/၂၀၂၂) အပတ်စဉ် ဥပဒေအရာရှိအဆင့်-၄ များနှင့် တွေ့ဆုံပွဲကျင်းပ

 

မန္တလေး    ဇွန်   ၁၉


ပြည်ထောင်စု         ဝန်ကြီးနှင့်  ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်း ဒေသကြီး/ပြည်နယ်ဥပဒေချုပ် များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲမှ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲနှင့် (၁/၂၀၂၂) အပတ်စဉ်  ဥပဒေအရာရှိ   အဆင့်-၄ အသစ်များနှင့် တွေ့ဆုံပွဲအခမ်း အနားများကို     ဇွန်  ၁၇  ရက်က မန္တလေးတိုင်းဒေသကြီး    ဥပဒေ ချုပ်ရုံး   အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 

 


အခမ်းအနားတွင်    မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့် အောင်နှင့် တိုင်းဒေသကြီးဥပဒေ အရာရှိတို့က     လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲမှ  လုပ်ငန်းလမ်းညွှန် ချက်များကို       ထပ်ဆင့်ရှင်းလင်း​မှာကြားသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ်က ဥပဒေအရာရှိအဆင့် - ၄ အသစ်များအား  နိုင်ငံတော် အခြေအနေအရပ်ရပ်၊ တိုင်းဒေသ ကြီးအတွင်း တာဝန်ထမ်းရွက်ရာ တွင်   လိုက်နာရမည့်   စည်းမျဉ်း စည်းကမ်းများနှင့်      စပ်လျဉ်း၍ မှာကြားသည်။

 


အခမ်းအနားသို့  တိုင်းဒေသ ကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်း ဒေသကြီး     ဥပဒေအရာရှိများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ဥပဒေအရာရှိများ၊ လက်ထောက် တိုင်းဒေသကြီးဥပဒေအရာရှိများ၊ မန္တလေးခရိုင်ဥပဒေရုံးမှ ဒုတိယ ခရိုင် ဥပဒေအရာရှိများ၊ မန္တလေး ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံး များမှ မြို့နယ်ဥပဒေအရာရှိများ၊ (၁/၂၀၂၂) အပတ်စဉ်လုပ်ငန်းခွင် ဝင်       ဥပဒေအရာရှိအဆင့်- ၄  ၂၂  ဦး  တက်ရောက်ကြကြောင်း      သိရသည်။


တင်မောင်(မန္တလေး)