
နေပြည်တော် ဒီဇင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်ဒဏ်ရာရ၍ သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစား ခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇမ္ဗူသီရိမြို့နယ်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်ထောင်စု နယ်မြေ လူမှုဖူလုံရေးရုံးမှ တာဝန်ခံ ဦးခင်မောင်ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ခံ ဦးခင် မောင်ဦးက လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော လုပ်ငန်းခွင်ပြင်ပတွင် မတော် တဆ ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးသူ မြတ်တော်ဝင်ဟိုတယ် မှ အာမခံအလုပ်သမား ဦးမျိုး လတ်၏ ကျန်ရစ်သူအကျိုးခံစား ခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃၃၇၅၀၀၀ ကို ဖခင်ဖြစ်သူ ဦးဝင်းမြင့်အား ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်များ လက်ခံရရှိ သူကိုယ်စား မြတ်တော်ဝင် ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)