
နေပြည်တော် ဩဂုတ် ၁၆
နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်နှင့် ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်တို့အတွင်း နယ်မြေ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များကို ယနေ့တွင် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်တွေ့ဆုံကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ၏ နေအိမ်လိုင်းခန်းများအား လှည့်လည်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်