
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၇၉/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ကြည်း ၂၉၁၉၇ ဗိုလ်မှူးကြီး ကျော်လင်းအောင် အစား ကြည်း ၂၃၇၅၈ ဗိုလ်မှူးကြီး အောင်ကြည်လင်း အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး