လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်  ဇူလိုင်  ၂၉ 


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက် ဆေးဝါးများ၊  စားသောက်ဖွယ်ရာများနှင့်   ချီးမြှင့်ငွေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။

 


ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင်  မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်း    လုံခြုံရေးဆောင်ရွက်နေသည့်   တပ်မတော်သားများနှင့် မြန်မာနိုင်ငံ         ရဲတပ်ဖွဲ့ဝင်များကို      အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်   ကိုကိုမောင်နှင့်   အဖွဲ့ဝင်များက   လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မြို့မရဲစခန်းနှင့် မလိဝမ်း ရဲကင်းစခန်းမှ   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်   မိသားစုဝင်များကို ကမ်းရိုးတန်းဒေသ  တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့်    မင်္ဂလာဒုံမြို့နယ်အတွင်းရှိ    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို      ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်  အဖွဲ့ဝင်များက  လည်းကောင်း အသီးသီးသွားရောက်တွေ့ဆုံ၍  ဆန်၊ ဆီ၊ ပဲ၊ ဆား အမယ် လေးမျိုး၊  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကိုပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်