
နေပြည်တော် မတ် ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော် ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာ ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပြီးမြောက်ခဲ့ပြီဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ အဆင် သင့်ဖြစ်စေရေးအတွက် ယခုကတည်းက တက္ကသိုလ် များ၊ အခြေခံပညာကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်သာယာမှုရှိရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူစီမံခန့်ခွဲ ဆောင်ရွက်နေရသည့်ပညာရေးကဏ္ဍများအလိုက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း။
ရုံးလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ အမိန့် အော်ဒါများကို လူမှုကွန်ရက်များတွင် ဖော်ပြခြင်း မပြုရန်နှင့် သတင်းအချက်အလက်လုံခြုံရေး ဂရုစိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးအခြေ အနေအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်မရခဲ့သည့် ကျောင်းသား ကျောင်းသူ များ ပြန်လည်ဖြေဆိုနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်ထားသည့် စာဖြေ ဌာနများတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့ နှစ်သက်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ စာဖြေဌာနများတွင် ဝင်ရောက်ဖြေဆိုနိုင်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူ မှု အခွင့်အလမ်းရရှိအောင် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် အားလုံးက ညီညွတ်စွာဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က စာမေးပွဲနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ အခြေခံ ပညာကဏ္ဍရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အသေးစိတ် ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ် ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည် တို့က တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း ၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်