
နေပြည်တော် ဇူလိုင် ၂
လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြား နေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်း ဖြင့် ကျင်းပသည်။
လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန်
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုတစ်ကျော့ပြန် တွေ့ကြုံလာသည့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် အားဖြည့်ကူညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၏ မြေပြင်ဆောင်ရွက် ပေးနေမှု အခက်အခဲများအား သိရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး လိုအပ်သည် များ ပံ့ပိုးပေးနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးရခြင်းကြောင်း။
ယခုအချိန်တွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် သံသယရှိလူနာ များကို ဆေးရုံများ၊ ကန့်သတ်စောင့်ကြည့်ရေးစခန်း များသို့ ပို့ဆောင်ခြင်း၊ ပြန်လည်ကောင်းမွန်သွားသူ များကို နေအိမ်များသို့ ပို့ဆောင်ပေးခြင်း၊ သေဆုံး လူနာများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်မှုများနှင့်အညီ မီးသင်္ဂြိုဟ်ဆောင်ရွက် ပေးခြင်း၊ PPE ဝတ်စုံများနှင့် စနစ်တကျဖျက်ဆီး ခြင်းများ၊ ပိုးတွေ့နေရာများ ထုံးဖြူးခြင်း၊ ပိုးသတ်ဆေးများဖျန်းခြင်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထိုကဲ့သို့ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ပြောကြား
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပရဟိတအဖွဲ့အစည်း များသည် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့ အစည်းများဖြစ်ပြီး နယ်ပယ်ကဏ္ဍမတူညီသော်လည်း တူညီသောစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါ ကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ကိုယ်ကျိုး ဆန္ဒအား စွန့်လွှတ်၍ တိုင်းပြည်နှင့် ပြည်သူအကျိုး အတွက် ဆောင်ရွက်ပေးနိုင်ရန်ဆန္ဒဖြင့် ကူညီပံ့ပိုး နေခြင်းဖြစ်ပါကြောင်း၊ ယခုလို ရောဂါကပ်ဘေး ကြုံတွေ့နေချိန်များတွင် ပါဝင်ကူညီဆောင်ရွက် ပေးနေသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်က ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သော ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းအား ဖြစ်နိုင်သမျှနည်းလမ်း များဖြင့် အမြန်ဆုံးကုစားသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အစိုးရနှင့် ပရဟိတ/ စေတနာ့ဝန်ထမ်းများ ပူးပေါင်းသုံးသပ်ဖြေရှင်းပြီး ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်ကြသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်နေမှု များ၊ အားသာချက်/အားနည်းချက်များနှင့် လိုအပ် ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်