
နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့် အတူ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် နှင့် ဗဟိုကော်မတီဝင် စဝ်နော် လိတ်တို့ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များ ချုပ်ငြိမ်းစေရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုနှင့် ပါတီစုံဒီမို ကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေ၊ ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ တွေးခေါ်ပြောဆို ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် လိုအပ် ချက်များကို ပြောဆိုနိုင်သည်ဖြစ် သော်လည်း ဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် သာ ဆွေးနွေးဆောင်ရွက်ရမည့် အခြေအနေ၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသား များအနေဖြင့်လည်း မိမိတို့ဒေသ ၏ အခွင့်အရေးများကို တရား ဥပဒေနှင့်အညီ တောင်းဆိုနိုင် ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရ မည်ဖြစ်သည့် အခြေအနေ၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရာ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာ ဖြင့် အကျေအလည် ဆွေးနွေးသွား မည်ဖြစ်ပြီး ပြည်ထောင်စုအကျိုး ကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန် လိုအပ်သည့် အခြေအနေ၊ ပြည်သူ လူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ရှင်းလင်းဆွေးနွေး ပြော ကြားသည်။
ကြိုးပမ်းဆောင်ရွက်
ထို့နောက် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) နှင့် အဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ သို့ ပါဝင်ဆွေးနွေးနိုင်ရေးဖိတ်ခေါ် ပေးခဲ့သည့်အတွက် အထူး ဝမ်းမြောက်မိပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) အဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများတွင် တက်ကြွစွာ ဖြင့် ဆက်လက်ပါဝင်သွားမည့် အခြေအနေ၊ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ပြည်ထောင်စုနိုင်ငံ တော်ကြီးကို ဖော်ဆောင်သွားနိုင် မည့် အခြေအနေ၊ ပါတီစုံဒီမို ကရေစီ စနစ်ကျင့်သုံးဆောင်ရွက် ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များ ကို ပြန်လည်ဆွေးနွေးပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။
အပြန်အလှန်ဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က တပ်မတော်သည် တိုင်းပြည်ကို ထိန်းသိမ်းစောင့် ရှောက်သူ (Guardian) အဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် အခွင့်အရေးကို ရရှိရန်အတွက် တရားဥပဒေနှင့်အညီ၊ စည်းကမ်း နှင့်အညီ၊ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုသည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) နှင့် အဖွဲ့ဝင်များအား အမှတ် တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) မှ ဒေသထွက် လက်ဆောင် ပစ္စည်းများကို ပြန်လည်ပေးအပ် ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်