လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်းချက်ကြောင့် ဆိုမာလီယာ၌ အယ်လ်ရှာဘတ်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချ

 

မိုဂါဒစ်ရှူး  ဧပြီ  ၂၇
ဆိုမာလီယာသမ္မတ     ဟတ်ဆန် ရှိတ်ခ်မိုဟာမက်၏     လွတ်ငြိမ်း ချမ်းသာခွင့် ကမ်းလှမ်းချက် ထုတ် ပြန်အပြီးတွင်   အယ်လ်ရှာဘတ် စစ်သွေးကြွဦးရေ  ၁၀၀   ကျော် လက်နက်ချကြောင်း     ဆိုမာလီ အစိုးရက   ဧပြီ    ၂၇   ရက်တွင်    အတည်ပြုထုတ်ပြန်သည်။  
လက်နက်ချရန်လက်ခံ
အယ်လ်ရှာဘတ်     အစွန်း ရောက်အဖွဲ့  ဆန့်ကျင်ရေးတိုက်ပွဲ များ   တစ်နိုင်ငံလုံး   ပြင်းထန်လာ ချိန်တွင်      ဆိုမာလီအမျိုးသား တပ်မတော်     (အက်စ်အင်န်အေ)   တပ်ဖွဲ့များသည် ပြည်နယ်ဒေသ လေးခုမှ      စစ်သွေးကြွများ လက်နက်ချရန်  မကြာသေးမီက လက်ခံ    ဆောင်ရွက်ခဲ့ကြောင်း     ပြန်ကြားရေး၊       ခရီးသွားလာရေး နှင့်     ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့်      သီတင်းပတ် အတွင်း   အယ်လ်ရှာဘတ်  ခေါင်း ဆောင်များအပါအဝင် စစ်သွေးကြွ  ၁၀၀  ခန့်သည်   ဂဲလ်မူဒစ်၊   ဟိုက် ရှာဘဲလ်လီနှင့်       ဘာနာဒီယာ စသည့်   ဒေသများ၌      လက်နက်ချ ခဲ့သည်ဟု     ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ထုတ်ပြန် သည့် ကြေညာချက်တွင်  ဖော်ပြ ထားသည်။  
လွတ်ငြိမ်းခွင့်ကြေညာခဲ့
သမ္မတ      မိုဟာမက်သည်   အယ်လ်ရှာဘတ် စစ်သွေးကြွများ အား  စစ်မြေပြင်မှ ဖယ်ရှားခြင်း ဖြင့်  အစွန်းရောက်အဖွဲ့များ   ပိုမို အားနည်းသွားစေမည့်      မဟာ ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၃      ခုနှစ်      သြဂုတ်လတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို     ကြေ ညာခဲ့ခြင်း ဖြစ်သည်။     ဆင်ဟွာ