လွတ်လပ်ရေးပြယုဂ်လွှာ

လွတ်လပ်ရေးပြယုဂ်လွှာi    ခုချိန်ခါ အေးရိပ်ခ
    ပန်းစုံလှ ဖူးပွင့်ဆင်၊
    မွှေးပျံ့ပျံ့လွင်။
    ငှက်ကျေးတို့စုံအလင်
    တေးနုယဉ် သီကာကျူး၊
    မြို့ရပ်ရွာ နယ်တစ်ရိုး
    ချစ်ကြိုးဖွဲ့ထူး။
i    ထွတ်မြတ်အတွေးရယ်နဲ့
    လွတ်လပ်ရေးဖြစ်စဉ်နော်၊
    ပြယုဂ်ကိုဖော်။
    ရသဖွဲ့တွေးအခေါ်
    ရေးအာဘော် သီခြယ်မှုန်း၊
    များသူငါ ရင်လွှာထဲ
    စွဲမြဲစေထုံး။
i    ဘာမထီ စိတ်ဓာတ်မွေး
    မျိုးချစ်သွေး ရဲရဲနီ၊
    မြို့ရပ်ရွာ နယ်တကျေး
    ငြိမ်းအေးဖြစ်တည်။
    တစ်စိတ်တစ်ဝမ်း‌ သွေမဖည်
    ရှေ့သို့ချီ နေမနား၊
    ရိပ်နန်းအုံ ခိုလှုံကြ
    အေးမြဖွယ်များ။
i    ဘေးမသီ ရန်မခ
    တည်တကျ ဖြစ်စဉ်ဖော်
    ကြည့်ကြစမ်းနော်။
    လွတ်လပ်မှု ရင်ပြင်ပေါ်
    ပြုံးတူပျော် ကြွားကြွားဝင့်၊
    လွတ်လပ်ရေး ပြယုဂ်လွှာရယ်က
    မြို့ရပ်ရွာ ကိန်းခန်းအေးပါလို့
    ညီညွတ်ရေး တေးသီကာဖြင့်
    ချစ်မေတ္တာ ရင်မှာပျိုးပါလို့
    (အိုကွယ်) မျိုးမြန်မာတင့်။       ။
ဖိုလေးလုံးသောင်းကိုကို