
နေပြည်တော် စက်တင်ဘာ ၂၈
လပွတ္တာမြို့နယ်အတွင်း ငါးရိက္ခာဖူလုံစေရေး၊ သဘာဝတွင် ကဏန်းမျိုးပြုန်းတီးမှုလျော့ပါးစေရေး နှင့် ငါးသယံဇာတရေရှည်စဉ်ဆက်မပြတ် ပေါများစေရန် ရည်ရွယ်၍ သဘာဝဒီရေတောများအတွင်းသို့ ရွှံ့ကဏန်းမျိုးများကို စက်တင်ဘာ ၂၇ ရက်က သပြု ကုန်းကျေးရွာအုပ်စု မိဦးရေတံခါးအနီး၌ မျိုးစိုက် ထည့်ခဲ့သည်။
ကဏန်းမျိုးစိုက်ထည့်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးဇွဲသူဟိန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကဏန်းလုပ်ငန်းရှင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ် ဦးစီးဌာနမှူး ဦးထွန်းဝင်းအောင်နှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး သဘာဝဒီရေတောများအတွင်း ကဏန်းအရွယ်အစားမျိုးစုံ ကောင်ရေ ၂၀၀၀၀ ကျော် (၃၅၅ ကီလိုဂရမ်)ကို မျိုးစိုက်ထည့်ခဲ့ကြသည်။
သတင်းစဉ်