
နေပြည်တော် စက်တင်ဘာ ၁၄
ကျေးလက်နေပြည်သူများ ငါးရိက္ခာဖူလုံစေရေး၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရေးနှင့် ငါးသယံဇာတ များ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန် ရည်ရွယ် ၍ စပါးခင်းအတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနား ကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် လပွတ္တာ ခရိုင် လပွတ္တာမြို့နယ် အောက်ချောင်းကျေးရွာ တောင်သူ ဦးဇော်ဦး၏ စံပြစိုက်ဧက(၁၁)လယ်မြေ၌ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် စပါးစိုက်တောင်သူ ၂၉ ဦး၏ လယ်ဧက ၃၀၀ အတွက် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၁၅၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်