လပေါ်သို့ဆင်းသက်မည့် မစ်ရှင် အချိန်နှောင့်နှေးမည်ဟု နာဆာပြော

 

လပေါ်သို့ အာကာသယာဉ်မှူးများဆင်းသက်မည့် နိုင်ငံတကာ မစ်ရှင် ကို ၂၀၂၅  ခုနှစ်နှောင်းပိုင်းတွင်  ပြုလုပ်မည်ဟု  သတ်မှတ်ထားရာမှ ၂၀၂၆ ခုနှစ်  စက်တင်ဘာသို့ပြောင်းရွှေ့လိုက်ကြောင်း  အမေရိကန် အာကာသအေဂျင်စီ နာဆာက ကြေညာခဲ့သည်။ အာတစ်မစ် မစ်ရှင် ဟု အမည်ပေးထားသည့် လပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက် မည့်အစီအစဉ်မှာ   အပိုလို  ခရီးစဉ်ပြီးနောက်   ရာစုဝက်ကြာပြီးမှ လပေါ်သို့    နောက်တစ်ကြိမ်    လူဆင်းသက်မည့်အစီအစဉ်အဖြစ် ရည်ရွယ်ထားသည်။ လုံခြုံစိတ်ချရရေးမှာ   ဦးစားပေးအစီအစဉ်ဖြစ် ကြောင်း နာဆာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဘေးလ် နီဆင်ကပြောသည်။ လကမ္ဘာ စူးစမ်းလေ့လာရေးကိုလည်း အာတစ်မစ် အစီအစဉ်၏ အောက်တွင် ၂၀၂၆  ခုနှစ်နောက်ပိုင်း၌   ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။                         

အင်န်အိတ်ချ်ကေ