လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁
အမျိုးသားအဆင့်   လျှပ်စစ်သုံး ယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး    ဦးဆောင် ကော်မတီ၏     ခွင့်ပြုချက်ဖြင့် Grand  Sirius   Co., Ltd.   မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Neta U နှင့် Neta V အမျိုး အစား လျှပ်စစ်သုံးမော်တော်ယာဉ် များ၊ Chin Dwin Shan Constr-uction Co., Ltd. မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ်    BYD Seagull အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊    N.P.K Motors Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား   လျှပ်စစ်သုံး မော်တော်ယာဉ်များ၊  Myanmar Arr Thit Man Motor Co., Ltd. မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် AIMA အမျိုးအစား လျှပ်စစ် သုံး မော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BAIC ARCFO  T  အမျိုး အစား     လျှပ်စစ်သုံးမော်တော် ယာဉ်များနှင့်    လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ    ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။     သတင်းစဉ်