
နေပြည်တော် ဖေဖော်ဝါရီ ၇
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံး အကြိမ် တင်သွင်းရောက်ရှိလာ သည့် လျှပ်စစ်သုံးမော်တော် ယာဉ်များအား ဓာတ်အား (Charging) ပြန်လည်ဖြည့်သွင်း နိုင်ရန် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်ရှိ အမှတ်(၃)တိုးဂိတ်၊ ဖြူး ယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဉ် ရပ်နားစခန်းတို့တွင် Charging Station များ တည်ဆောက် နိုင်ရေးအတွက် Earth Renewable Energy ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60 kW ငါးစုံနှင့် 200 kW နှစ်စုံ စုစုပေါင်းခုနစ်စုံ တို့သည် MITT ဆိပ်ကမ်းသို့ ၁-၂-၂၀၂၃ ရက်တွင် ရောက် ရှိပြီး ၃-၂-၂၀၂၃ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ခဲ့သည်။
ကင်းလွတ်ခွင့်ပေးထား
Import Declaration ဖွင့်လှစ် ဆောင်ရွက်ခဲ့သော လျှပ်စစ်သုံး ယာဉ် Charger များအား ၇-၂-၂၀၂၃ ရက်တွင် MITT ဆိပ်ကမ်း၌ အကောက်ခွန်ဦးစီး ဌာနမှ စစ်ဆေးရေးအဖွဲ့ဖြင့် သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ အချက်အလက် များနှင့် ကိုက်ညီမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပြီး မှန်ကန်မှု ရှိပါသဖြင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ၇-၂-၂၀၂၃ ရက်နေ့ တွင် ထုတ်ယူခွင့်ပေးခဲ့ကြောင်းနှင့် အဆိုပါ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားကြောင်း သတင်းရရှိ သည်။
သတင်းစဉ်