
နေပြည်တော် ဖေဖော်ဝါရီ ၁၄
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors Co., Ltd. က တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW ငါးစုံ သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့သည်။
ယင်းသို့ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ် ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့သည်။
အဆိုပါ EV Charger များမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေး၌ (60 KW Charging Station) တည်ဆောက်ရန် အတွက်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်