
နေပြည်တော် အောက်တိုဘာ ၁၂
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Mya- nmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် AIQAR QQ ICE-CREAM အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် များနှင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် လျှပ်စစ်သုံးယာဉ် အားသွင်း စက်များသည် ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာပါသဖြင့် ယနေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရ သည်။
သတင်းစဉ်