
နေပြည်တော် စက်တင်ဘာ ၈
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာသော HONGQI EQ M5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Earth Rene- wable Energy Co., Ltd. မှ တင်သွင်းလာသော AUTEL အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် အားသွင်း စက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့် ပြုခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော် ယာဉ်နှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။
သတင်းစဉ်