
နေပြည်တော် ဩဂုတ် ၁၆
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာသော BYD Atto 3 အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၆ စီး၊ Grand Sirius Co., Ltd.မှ တင်သွင်းလာသော Neta V အမျိုးအစား လျှပ်စစ်သုံးယာဉ် အစီး ၂၀ ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးယာဉ် လေးစီး စုစုပေါင်း လျှပ်စစ်သုံးယာဉ် အစီး ၄၀ နှင့် NCX Myanmar Co., Ltd. မှ တင်သွင်းလာသော Wuyaung Honda အမျိုးအစား လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် ၄၈ စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ရာ ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံး မော်တော်ယာဉ်နှင့် လျှပ်စစ် သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။
သတင်းစဉ်