လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များရောက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၂၅


အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်    ဆက်စပ်လုပ်ငန်းများ    ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Innogen Myan-mar Co.,Ltd. မှ တင်သွင်းလာသော GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ၆၅ စီးနှင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော  BYD Dolphin  အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ် တစ်စီး စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် ၆၆ စီး သည် ရန်ကုန်ဆိပ်ကမ်းသို့ လည်းကောင်း၊ Aung Kan Bo Motorcycle Industrial Co., Ltd. မှ  တင်သွင်းလာ‌သော  Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်   ၆၃၃  စီးသည်   မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် နှင့်   လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ     တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။


သတင်းစဉ်