
နေပြည်တော် မေ ၁၀
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင် သွင်းလာသော တရုတ်နိုင်ငံထုတ် HONGQ၊ EQM5 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Aung Gabar Motor Services Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA T5 အမျိုးအစား လျှပ်စစ် သုံး မော်တော်ယာဉ်များ၊ Premier Automotive Co.,Ltd မှ တင် သွင်းလာသော တရုတ်နိုင်ငံထုတ် GEELY GEOMETRYE အမျိုး အစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် Aung Gabar Motor Services Co.,Ltd မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် ARC-FOX အမှတ်တံဆိပ် 7 KW လျှပ်စစ်သုံးယာဉ် အားသွင်းစက် များသည် ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာသဖြင့် ယနေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရ သည်။
သတင်းစဉ်