လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်   မတ်   ၈


အမျိုးသားအဆင့်    လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd.  မှ  တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 နှင့် MG, MGZS အမျိုးအစား  လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Premier Automotive Ltd. မှ တင်သွင်းလာ သော Geely Geometry C အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊  Dongfeng Motor Corporation Ltd. မှ  တင်သွင်းလာသော တရုတ်နိုင်ငံထုတ်    Dongfeng  EX1  Pro အမျိုးအစား    လျှပ်စစ်သုံးမော်တော်ယာဉ် များသည်   ရန်ကုန်ဆိပ်ကမ်းသို့   ရောက်ရှိ လာသဖြင့်    ယနေ့တွင်   လုပ်ထုံးလုပ်နည်း နှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်