
နေပြည်တော် ဒီဇင်ဘာ ၂၈
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd.မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MGZS EV နှင့်MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်