လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်     နိုဝင်ဘာ    ၉


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး  ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် MG, MG4 အမျိုး  အစား လျှပ်စစ်သုံးယာဉ်များ၊ MG, Marvel R အမျိုးအစား လျှပ်စစ်သုံး ယာဉ်များ၊ MG MGZS EV အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Grand Sirius Co., Ltd. မှ   တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  NETA V အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Super Seven Stars Motors Industry Co., Ltd. မှ  တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား  လျှပ်စစ်သုံးယာဉ်များသည်  ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင်  လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သိရသည်။                

သတင်းစဉ်