
နေပြည်တော် ဩဂုတ် ၃၁
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Companies Limi-ted. မှ တင်သွင်းလာသော JAC e-JS1 (EX10) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် ရှစ်စီး နှင့် JAC e-J7 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် ခုနစ် စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော် ယာဉ် ၁၅ စီးသည် ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာသဖြင့် ယနေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံး မော်တော် ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြု ထားကြောင်း သိရသည်။
သတင်းစဉ်