
နေပြည်တော် ဇူလိုင် ၂၁
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော MG, MG5 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်ငါးစီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက် ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
သတင်းစဉ်