လျှပ်စစ်သုံးမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ တင်သွင်းရောက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၉
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  Aiqar eQ3 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော  Kanbo  အမျိုးအစား  လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား လျှပ်စစ် သုံး မော်တော်ဆိုင်ကယ်များနှင့်  ဆိုင်ကယ်အပိုပစ္စည်းများသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဖေဖော်ဝါရီ ၂၉ ရက်တွင်  လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ 
                                                                                                       

သတင်းစဉ်