လျှပ်စစ်သုံးမော်တော်ယာဉ် အစီး ၄၀ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်   ဇူလိုင်  ၂၀


အမျိုးသားအဆင့်  လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး  ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်း လာသော MG, MG4 (Mulan) အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ် ၁၀  စီးနှင့်  Earth Renewable Energy Co.,Ltd. မှတင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် အစီး ၃၀၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် အစီး ၄၀ သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်   ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ကြောင်း နှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်း မှုအတွက်     အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သိရသည်။                   

သတင်းစဉ်