လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းသို့ရောက်ရှိ

 

နေပြည်တော်    စက်တင်ဘာ    ၃၀


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်သို့  ရောက်ရှိလာသဖြင့်  ယနေ့တွင်  လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။  

သတင်းစဉ်