လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက် (Last Date) များအား ပြင်ဆင်သတ်မှတ်ချက် အသိပေးပန်ကြားချက်

 

၁။    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်    ဓာတ်အားသုံးစွဲသူ ပြည်သူများမှ လစဉ်ပေးဆောင်ရမည့် ဓာတ်အားခများအတွက် လစဉ် လဆန်း ၁ ရက်နေ့မှ  ၅ ရက်နေ့အထိ မီတာဖတ်ခြင်း၊  ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘီလ်ထုတ်ခြင်း၊ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘီလ်ပေးဝေခြင်းများ ဆောင်ရွက်ပြီး ငွေလက်ခံခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက် (Last Date) များအား လ၏ (၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၅) ရက်များတွင် နောက်ဆုံးထား ပေးဆောင်ရန် သတ်မှတ်ကောက်ခံလျက်ရှိပါသည်။


၂။    သို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း အတာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များရှိပါသဖြင့် ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် ဓာတ်အားခများပေးဆောင်ရာတွင်  အဆင်ပြေစွာပေးဆောင်နိုင်ရေး အတွက် ၃/၂၀၂၂ လ တောင်းခံငွေအပေါ် ဓာတ်အားခနောက်ဆုံးပေးဆောင်ရမည့်ရက် (Last Date) များအား အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်၍   ဓာတ်အားခများ  ကောက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-