လျှပ်စစ်ကားများ ထုတ်လုပ်ပြေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၂


လျှပ်စစ်ကားများ    ထုတ်လုပ်ပြေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်   စက်မှုဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့    ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးအောင် သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိမ်း ကျော်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မန္တလေးတိုင်း ဒေသကြီး  ဝန်ကြီးချုပ်  ဦးမောင်ကို၊  ရန်ကုန်တိုင်း ဒေသကြီး   စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြိုတော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ   မြို့တော်ဝန် ဦးကျော်ဆန်းတို့သည် Virtual စနစ်ဖြင့် တက်ရောက် ကြသည်။

 


အစီအစဉ်အရ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “Public Transportation အတွက် ခရီးတို မြို့တွင်း ပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကား များ   တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ဆောင်ရွက်ရန်”    ညွှန်ကြားချက်များအရ   စက်မှု ဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသည့် မော်တော် ယာဉ်လုပ်ငန်းဆိုင်ရာ   မူဝါဒပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေရသောကြောင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍအတွက်   ပြည်တွင်း ထုတ်လုပ်မှုကို    တာဝန်ခံဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  လျှပ်စစ် မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်မှုနှင့် ပတ်သက် ပြီး ချမှတ်ထားသော တိကျသည့် မူဝါဒတစ်ခုရှိရန် အမှန်ပင်လိုအပ်နေပြီဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် လူထုသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်း များ ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူထုသယ်ယူပို့ဆောင် ရေးအား  လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲ ပြေးဆွဲရန် အဆိုပြုလာသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသို့  တင်ပြခဲ့ရာ  လိုအပ်သည့်မူဝါဒများ ချမှတ်နိုင်ရေးအတွက်   လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း။

 


ထို့ကြောင့် Action Plan နှင့်အတူ တိကျသည့် ညွှန်ကြားချက်၊ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြတ်သားစွာ ထည့်သွင်း ဖော်ပြရန်လိုကြောင်း၊ လျှပ်စစ်မော်တော် ယာဉ်လုပ်ငန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် Action Plan တစ်ခုဖြစ်ရန် လိုအပ်သောကြောင့် နိုင်ငံတကာ တွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း လေ့လာပြီး  လိုအပ်ပါက   ကိုးကား၍  ထည့်သွင်း အသုံးပြုသင့်ပါက လက်ခံကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်(၂)   အကြီးစားစက်မှုလုပ်ငန်း၊  အထွေထွေ မန်နေဂျာတို့က Electric Vehicle Development Policy and Action Plan ဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးနှင့်   အမှတ်(၂)  အကြီးစားစက်မှုလုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာတို့က   စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံအချို့တွင် လျှပ်စစ်သုံး ယာဉ်မူဝါဒ ချမှတ်ထားရှိမှုနှင့် မြန်မာနိုင်ငံအတွက် မူဝါဒဆိုင်ရာ   အကြံပြုချက်များကိုလည်းကောင်း၊ Omni Focus Co., Ltd. ၏ တာဝန်ရှိသူတစ်ဦးမှ လျှပ်စစ်ဘတ်စ်ကားများ    ပြောင်းလဲပြေးဆွဲရေး ဆိုင်ရာ လုပ်ငန်းစီမံချက်များကိုလည်းကောင်း တင်ပြ ဆွေးနွေးသည်။

 


ဆက်လက်၍      တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊    ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ   အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊  ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ လျှပ်စစ်ကား များကို မြန်မာနိုင်ငံတွင် အမြန်ဆုံးတင်သွင်းပြေးဆွဲ နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးမည့်    အခြေအနေများကိုလည်း ကောင်း၊ လျှပ်စစ်ကားများအား ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကိုလည်းကောင်း၊ လျှပ်စစ်ကားများနှင့်  ပတ်သက်သည့် စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်း နိုင်ရေးကိစ္စ၊ လျှပ်စစ်ကားများနှင့် အပိုပစ္စည်းအစိတ် အပိုင်းများ တင်သွင်းလာပါက အကောက်ခွန်နှုန်းထား များ ဖြေလျှော့ပေးမည့်အခြေအနေများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖြေလျှော့ဆောင်ရွက်ပေး မည့်အခြေအနေများ၊    လျှပ်စစ်ယာဉ်များအတွက် ပြဋ္ဌာန်းမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲရေးအတွက် ပံ့ပိုးကူညီပေးမည့် အခြေအနေ တို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 


ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက EV Development Action Plan (3rd Draft) ပါ   အကြောင်းအရာများနှင့်  မူဝါဒဆိုင်ရာ အကြံပြုချက်များကို   ဆက်စပ်ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်များနှင့်အညီ ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုး ရေးအတွက်    မူဝါဒများ  ချမှတ်ဆောင်ရွက်နိုင်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်း၍ ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား သည်။     

သတင်းစဉ်