လျှပ်စစ်ကားကဏ္ဍတွင် ပြိုင်ဆိုင်မှုပိုမိုအရှိန်မြှင့်လာသည့်အတွက် ဥရောပတစ်ဝန်း၌ ဖို့ဒ်က အလုပ်အကိုင်ပေါင်း ၃၈၀၀ လျှော့ချမည်ဟုဆို

 

ပါရီ   ဖေဖော်ဝါရီ   ၁၄
လျှပ်စစ်ကားကဏ္ဍတွင်   ပြိုင်ဆိုင်မှုပိုမိုအရှိန်မြှင့် လာသည့်အတွက် ဥရောပတစ်ဝန်း အထူးသဖြင့် ဗြိတိန်နှင့်   ဂျာမနီနိုင်ငံတို့၌   အလုပ်အကိုင်ပေါင်း ၃၈၀၀ ကို လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် ကားထုတ်လုပ်ရေးကုမ္ပဏီ ဖို့ဒ် (Ford) က ဖေဖော် ဝါရီ ၁၄ ရက်တွင် ပြောသည်။
လာမည့်သုံးနှစ်အတွင်း     ဥရောပတစ်ဝန်း၌ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်         စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများတွင် ရာထူးနေရာပေါင်း ဂျာမနီ နိုင်ငံတွင်  ၂၃၀၀၊  ဗြိတိန်နိုင်ငံတွင်  ၁၃၀၀  နှင့် အခြားနိုင်ငံတို့တွင်  ၂၀၀ ကို လျှော့ချသွားမည်ဖြစ် ကြောင်း     အဆိုပါကားကုမ္ပဏီက      ပြောသည်။ ထိုကဲ့သို့ အလုပ်အကိုင်ပေါင်းများစွာ လျှော့ချရန် ဆုံးဖြတ်ရခြင်းမှာ   လွယ်လွယ်ကူကူ    မဟုတ်ဘဲ ခက်ခက်ခဲခဲ   ဆုံးဖြတ်ခဲ့ရကြောင်း  ဥရောပရှိ  ဖို့ဒ် မော်ဒယ်အီး၏ အထွေထွေမန်နေဂျာ မာတင် ဆန်ဒါ က ပြောသည်။ 
ထိုသို့   အလုပ်အကိုင်   လျှော့ချရခြင်းသည်  ဥရောပတွင်   ၎င်း၏   လုပ်ငန်းပြန်လည်ဆန်းသစ် လာစေရန်နှင့် ခရီးသည်တင်ယာဉ်အသစ်များဖြင့် ယှဉ်ပြိုင်ရန်  ရည်ရွယ်ခြင်းဖြစ်ကြောင်း  ဖို့ဒ်ကား ထုတ်လုပ်ရေးကုမ္ပဏီက    ပြောသည်။   ထို့ပြင် လျင်မြန်စွာပြောင်းလဲလာသော   ဈေးကွက်အခြေ အနေများနှင့် ဈေးကွက်ထဲသို့ ဝင်ရောက်လာသော လျှပ်စစ်ကားပြိုင်ဆိုင်သူများ၏    ကြီးထွားလာနေ သော နယ်ပယ်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီက ပြောသည်။ 
ဂျာမနီနိုင်ငံ၌    အလုပ်အကိုင်လျှော့ချမှုသည်  ဇန်နဝါရီတွင် အိုင်ဂျီမက်တယ်ယူနီယံက ခန့်မှန်း ထားသော အလုပ်အကိုင်လျှော့ချမှု ၃၂၀၀ ထက် လျော့နည်းခဲ့သည်။ အမေရိကန် ကားကုမ္ပဏီကြီး သည်  ပြီးခဲ့သည့်နှစ်က  အမေရိကန်နှင့်  အိန္ဒိယ နိုင်ငံတို့၌လည်း     အလုပ်အကိုင်   ထောင်ပေါင်း များစွာ   လျှော့ချခဲ့ကြောင်း    ထုတ်ပြန်ကြေညာ ထားသည်။                                  အေအက်ဖ်ပီ