
ထားဝယ် သြဂုတ် ၅
ကော့သောင်းခရိုင် ဆယ်မိုင်ကျေးရွာတွင် ဆောင်ရွက်မည့် Solar Power Plant စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော Southern Coastline Group Co.,Ltd နှင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်တို့အကြား နည်းပညာအပိုင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးအပိုင်းများ၊ဓာတ်အားချိတ်ဆက်မှုဆိုင်ရာ နည်းပညာများ အတွက် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ဩဂုတ် ၄ ရက်က ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က တနင်္သာရီတိုင်းဒေသကြီးသည် လျှပ်စစ် ဓာတ်အားသုံးစွဲမှုများပြားသော တိုင်းဒေသကြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးသို့ National Grip မရောက်ရှိသေးသောကြောင့် ထုတ်လုပ်မှု များကို တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ကော့သောင်းခရိုင် ဆယ်မိုင်ကျေးရွာတွင် Solar Power Plant ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေ သည့် ကုမ္ပဏီအား တိုင်းဒေသကြီးအနေဖြင့်ကျေးဇူးတင်ရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်းအပိုင်းများတွင် ညှိနှိုင်း၍ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်းရေးမှူး ဦးခင်မောင်ချိုက ဖြည့်စွက်ဆွေးနွေးပြောကြား ပြီး Southern Coastline Group Co.,Ltd နှင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် တို့က လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)