လနတ်တော်နှင့် ထူးမြတ်လှသည့် စာဆိုတော်နေ့

1

 

လှိုင် (ဇေယျာမြေ)

မြန်မာနိုင်ငံတွင် ရာသီအလိုက် ရာသီပွဲတော်များ ကျင်းပလေ့ရှိရာ နတ်တော်လသည် မြန်မာဆယ့်နှစ်လရာသီတွင် နဝမမြောက်လဖြစ်ပြီး ဆောင်းဥတုတွင် ပါဝင်သည်။ နတ်တော်လသည် ဟေမန္တဆောင်းရာသီသို့ ဝင်စလဖြစ်သည်။ မိုးရာသီ ကုန်ဆုံးသွားပြီဖြစ်သော်လည်း  “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဆိုသည့်အတိုင်း မြူဆိုင်းလျက် မိုးသားတို့ အချို့နေရာများတွင် ရွေ့လျားလျက်ရှိသေး၏။ ဆီးနှင်းမြူတိမ်တို့ ဝေမှောင်လျက်ရှိသောလပင်ဖြစ်၏။

နတ်တော်လတွင်                မြောက်လေကလည်း တသုန်သုန်တိုက်ခတ်နေသည်။ ဂမုန်းပန်းအနွယ် ဝင်     ပန်းသဇင်တို့မှာလည်း   လေသိမ်းလိုက်တိုင်း  ယိမ်းနွဲ့နေကြတော့သည်။      ညင်ညင်သာသာနှင့် တိုက်ခတ်သည့် လေနုအေးသည် အေးမြလွန်းသည့် အတွက် ချိုသာသည့်   အရသာကိုပင်  ဖြစ်ပေါ်စေ လောက်သည်ဟု တင်စားကာ  “လေချိုသွေး”  ဟု ရှေးက ဖွဲ့ဆိုခဲ့ကြသည်။
နတ်တော်လသည် အခြားသော  လများနည်းတူ သူ့နည်းသူ့ဟန်ဖြင့်    မြန်မာ့အလှ   မြန်မာဓလေ့ စရိုက်များကို  ဖော်ဆောင်နေသည်။   နတ်တော်လ ဟူသော       အမည်ကပင်       တစ်မျိုးတစ်ဘာသာ ဆန်းကြယ်သစ်လွင်နေပါသည်။             ပုဂံခေတ် ကျောက်စာများတွင်          “နတ္တော်ဝ်”        ဟူ၍ လည်းကောင်း၊      နတ်တော်ဟူ၍လည်းကောင်း ရေးထိုးကြသည်။ “နတ်တော်” ဟူသော ဝေါဟာရ ကို ပညာရှိများက “နတ်” ဟူသည် “နာထ” သဒ္ဒါမှ ဆင်းသက်လာပြီး      “ကိုးကွယ်ရာ”      အဓိပ္ပာယ် ဖွင့်ကာ “တော်” ကို “အရှင်သခင်” ဟု အဓိပ္ပာယ် ဖွင့်ကြသည်။ ထို့ကြောင့်  “နတ်တော်”   ဟူသည်  “ကိုးကွယ်ရာ  အရှင်သခင်”  ဟု အဓိပ္ပာယ်ဖွင့်ကြ သည်။ 
 စာပေမြင့်မှ လူမျိုးတင့်သည်
စာပေမြင့်မှ လူမျိုးတင့်သည်ဆိုသော စကား ရှိပါသည်။       လူမျိုးတစ်မျိုး၏     ဂုဏ်သိက္ခာကို ယဉ်ကျေးမှုအဆင့်အတန်းဖြင့် ဆုံးဖြတ်နိုင်ပါသည်။ ယဉ်ကျေးမှုများထဲတွင် စာပေလည်း ပါဝင်သည်။ မြန်မာတို့သည် မြန်မာစာပေအရေးအသားကို ပုဂံ ခေတ်တွင် စတင်တီထွင်နိုင်ခဲ့သည်။ ပုဂံခေတ်တွင် အလှူမှတ်တမ်းများကိုသာ    တွေ့ရသည်။    အင်းဝ ခေတ်တွင်မူ ပျို့ကဗျာများ  အများအပြား ထွန်းကား လာခဲ့သည်။ ပုဂံခေတ်အနော်ရထာမင်း  လက်ထက် တွင် ဗုဒ္ဓသာသနာ   စတင်ထွန်းကားခဲ့သည်။  ဗုဒ္ဓ သာသနာနှင့်အတူ မြန်မာစာပေအရေးအသားကို လည်း  တီထွင်နိုင်ခဲ့သည်။ ဗုဒ္ဓ၏ ဇာတ်နိပါတ်တော် များကို     အင်းဝခေတ်ရဟန်းစာဆိုတို့က    အများ ပြည်သူတို့ ဖတ်ချင်နာချင်ဖွယ်ဖြစ်အောင် ပျို့ကဗျာ များဖြင့် ရေးဖွဲ့နိုင်ခဲ့သည်။
ပျို့စာပေများကြောင့်   ဗုဒ္ဓ၏သာသနာ၌    ပို၍ ကြည်ညိုသူများ တိုးပွားလာခဲ့သည်။ ဗုဒ္ဓ၏ တရား တော်များနှင့်အညီ ယဉ်ကျေးသိမ်မွေ့စွာ  နေထိုင် တတ်ရန်   ပျို့စာပေများ၊  ဆုံးမစာများမှ လမ်းပြခဲ့ သည်။ အင်းဝခေတ်စာပေများသည် မြန်မာတို့အား ယဉ်ကျေးလိမ္မာစေခဲ့သည်။ မော်ကွန်းစာပေများက အင်းဝခေတ်           မြန်မာမင်းတို့အကြောင်းကို ဂုဏ်ယူဖွယ်မှတ်တမ်းတင်နိုင်ခဲ့သည်။    ညောင်ရမ်း ခေတ်တွင် ဗုဒ္ဓ၏ဇာတ်တော်များကို  ရဟန်းစာဆို တို့ကပင် စကားပြေနှင့် ရေးဖွဲ့ခဲ့ကြသည်။ ဝန်ကြီး ပဒေသရာဇာက ညောင်ရမ်းခေတ်၏ ဆင်းရဲသား လူတန်းစားများဖြစ်ကြသော             လယ်သမား၊         ထန်းတက်သမား၊   ကုန်တင်လှေသမား၊   ဆင်ဖမ်း သမားတို့၏     ဘဝများကို     တျာချင်းကဗျာများ ဖွဲ့ဆိုခဲ့သည်။    ပျို့စာပေများလည်း     ဆက်လက် ထွန်းကားခဲ့သည်။   တောင်ငူခေတ်တွင် ရတုကဗျာ များ  ထွန်းကားခဲ့ပြန်သည်။   စစ်သည်စာဆိုများ ဖြစ်သည့် နဝဒေး၊  နတ်ရှင်နောင်စသည့် စာဆိုများ သည် ရတုခေတ်ကို  ဦးဆောင်ခဲ့ကြသည်။
ကုန်းဘောင်ခေတ်တွင် စာပေအမျိုးအစားများ ပို၍     စုံလင်လှခဲ့သည်။    ရှေးကပေါ်ခဲ့သော      ပျို့၊ မော်ကွန်း၊  ဧချင်း၊  ဗုဒ္ဓစာပေဝတ္ထုများ၊ ကျေးလက် ကဗျာများ၊ ရာဇဝင်ကျမ်းနှင့် အရေးတော်ပုံကျမ်း များ    ဆက်လက်ထွန်းကားခဲ့သည်။     တေးထပ်၊ လေးချိုး၊ ဒွေးချိုး၊ လွမ်းချင်း  စသည်ဖြင့် ကဗျာအမျိုး အစားများစုံလင်လာခဲ့သည်။  နန်းတွင်းဇာတ်တော် ကြီးနှင့် ပြဇာတ်စာပေများ၊ ယဉ်ကျေးမှုကျမ်းများ၊ မေတ္တာစာများကိုလည်း  အမျိုးအစားသစ်များအဖြစ်  တွေ့လာရသည်။ ကိုလိုနီခေတ်သို့ရောက်သောအခါ နယ်ချဲ့အင်္ဂလိပ်အစိုးရက  မြန်မာစာပေကို ညှိုးနွမ်း အောင် ဖိနှိပ်ထားသည့်ကြားမှပင်  မြန်မာစာရေး ဆရာကြီးများသည် ဇာတိမာန်စာပေများကို ရေးဖွဲ့ ၍ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏     လေးချိုးကြီးများသည် မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။ မြန်မာတို့၏ ယဉ်ကျေးမှုလည်းမပျက်၊  အမျိုးသားရေး စိတ်ဓာတ် လည်း   ထက်မြက်အောင်   စာဆိုတော်ကြီးများက ရှေ့ဆောင်လမ်းပြပြုခဲ့ကြပါသည်။      စာဆိုများ၏ စေတနာနှင့် အနုပညာတို့သည် တိုင်းပြည်နှင့် လူမျိုး ကို အကျိုးပြုခဲ့ပေသည်။ 
ရှေးမြန်မာမင်းများ            လက်ထက်တွင် စာဆိုတော်ကြီးများအား         ဘွဲ့ထူးဂုဏ်ထူးများ၊ ဘွဲ့တံဆိပ်များ  ဆုလာဘ်များ  ချီးမြှင့်ဂုဏ်ပြုသည့် အစဉ်အလာအတိုင်း  နှစ်စဉ်နတ်တော်လဆန်း (၁) ရက်နေ့ကို         စာဆိုတော်နေ့အဖြစ်         သတ်မှတ်၍ စာဆိုတော်နေ့ပွဲအဖြစ်  ကျင်းပလာခဲ့သည်။   
ယနေ့ခေတ်တွင် သက်ကြီး၊ ဝါကြီးစာရေးဆရာ များအား ကန်တော့ခြင်း၊ စာပေပြိုင်ပွဲ၊ ဟောပြောပွဲ များ ကျင်းပခြင်းများကိုလည်း အနယ်နယ်အရပ်ရပ် တွင်     ပြုလုပ်လာကြပါသည်။     ရေမြင့်ကြာတင့် ဆိုသကဲ့သို့  စာပေယဉ်ကျေးမှုမြင့်မားမှ လူမျိုးမြင့် မည်။     တိုင်းပြည်ဖွံ့ဖြိုးမည်ဖြစ်သဖြင့်       စာပေ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်သော စာဆိုတော်ရာသီ အား မရောက်မီကပင်  မျှော်လင့် တောင့်တမြဲဖြစ်၏။
ထို့ကြောင့်ပင် ကဗျာဆရာ
ဓနုဖြူကျော်ထွန်းက…
“နတ်တော်ဆန်း၍၊ မြတ်ပန်းသဇင်
မွှေးပျံ့လွင်လျှင်၊ ရွှေရင်မပူ
အားသစ်လူမည်၊ ဘယ်သူညိုညို
ဘယ်နှယ်ဆိုဆို…”
ဟုစာဖွဲ့ခဲ့ခြင်းဖြစ်ပါသည်။
ကောက်သစ်စားပွဲ ကျင်းပရာလ
ဤလသည် တောင်သူဦးကြီးတို့၏ ကောက်သစ် စားပွဲ ကျင်းပရာ လလည်းဖြစ်သည်။ ကောက်နှံများ မှာ ရင့်မှည့်ပြီဖြစ်သောကြောင့် လယ်ယာလုပ်သား တို့သည် မိသားစုအလိုက်  ကောက်ညှင်းစပါးကို လှော်၍ ထောင်းဖွပ်ကြသည်။ ထိုသို့ဖွပ်ပြီးလျှင် အုန်းနို့ထမင်း၊ အုန်းသီးဖြူး၍ ဘုရားရှင်နှင့်တကွ သံဃာတော်များကို    လှူဒါန်းကြသည်။     မိမိတို့ လုပ်အားမှရရှိသော ဆွမ်းဦးလှူပွဲကို ပြုလုပ်ကျင်းပ ခြင်းဖြစ်သည်။ တစ်အိမ်နှင့်တစ်အိမ် အပြန်အလှန် ပေးကမ်းခြင်းများကိုလည်း        ပြုလုပ်ကြသည်။ ဤသည်မှာ    စုပေါင်းညီညာ   ချစ်ခင်စရာ မြန်မာ့ ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်ပေသည်။
ဤလရာသီသည် သာမောဖွယ်လတစ်လဖြစ်ပြီး မြန်မာတို့၏   ဓလေ့ဘာသာအလိုက်   ပျော်ရွှင်ဖွယ် ကောင်းသော          အခါရာသီလည်းဖြစ်ပါသည်။ ပေါ်ထွက်လာတော့မည့်  ကောက်ဦး ကောက်နှံများ တောင်လိုပုံပြီး    ဝမ်းရေးအတွက်    နတ်ပွဲများကို  ခြိမ့်ခြိမ့်သဲအောင်   ကျင်းပကာ ဆုတောင်းပတ္ထနာ ပြုကြသော  အချိန်အခါလည်းဖြစ်သည်။ ထိုဓလေ့ သည် မြန်မာတို့၏ ချစ်စရာ ရိုးရာဓလေ့ပင်ဖြစ်သည်။ 
နတ်တော်လ၏     ရာသီပွဲသည်     ရှေးကနတ်ပွဲ ဖြစ်သော်လည်း    ယနေ့ခေတ်တွင်    စာဆိုတော် များကို ဂုဏ်ပြုပူဇော်ကန်တော့ရာ စာဆိုတော်ပွဲ အဖြစ်ရှိနေပြီး   ခေတ်အဆက်ဆက်တိုင်းပြည်ကို အကျိုးပြုခဲ့သော စာဆိုတို့၏ ဂုဏ်ရည်ကို လေးစား ဂါရဝထားသောအားဖြင့်  စာဆိုတော်ပွဲကို  နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပေသည်။  နတ်တော်လပြည့် နေ့ကို   လောကရေးဆိုင်ရာ စာပေများသာ သီးသန့် ရေးသားသော   ဓမ္မစာရေးဆရာများကို   သီးခြား ဂုဏ်ပြုသော  ဓမ္မစာဆိုတော်နေ့အဖြစ်  သတ်မှတ် ထားသည်။ 
ခြိမ့်ခြိမ့်သဲသဲ ကျင်းပ
ယနေ့ခေတ်တွင် မူလစာဆိုတော်နေ့၌ ရပ်ကွက် အလိုက်၊      မြို့နယ်အလိုက်    စာရေးဆရာများကို ပင့်ဖိတ်၍ အများပြည်သူများ စာပေဗဟုသုတရရှိ ကြစေရန် စာပေဟောပြောပွဲများကိုလည်း ကျင်းပ ကြပါသည်။ နတ်တော်လဆန်း (၁) ရက်နေ့ တစ်နေ့ တည်းသာမက     နတ်တော်လတစ်လလုံး    စာပေ‌‌ ဟောပြောပွဲများကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါသည်။ ထိုသို့  ကျင်းပပေးခြင်းဖြင့် စာဆိုတော်ကြီးများ၏ ဂုဏ်ရည်ကို     ထင်ရှားစေသည့်အပြင်     ဂုဏ်ပြုရာ လည်း       ရောက်ပါသည်။      စာဆိုတော်နေ့တွင် အမျိုးသားစာပေတစ်သက်တာဆု၊      အမျိုးသား စာပေဆု၊ စာပေဗိမာန်စာမူဆုများကို ချီးမြှင့်သည်။  
စာဆိုတော်နေ့တွင်     စာပေဟောပြောပွဲများ ကျင်းပခြင်းဖြင့် စာပေ၏ တန်ဖိုးကို ပြည်သူအများ နားလည်လာစေသည့်အပြင်  စာပေအတွေးအမြင် ရင့်ကျက်လာစေပြီး  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ကြမည် ဖြစ်ပါသည်။    စာပေသည်      နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို     ထင်ဟပ်ဖော်ပြနေ ပေရာ နိုင်ငံတော်အစိုးရအနေဖြင့်  မြန်မာ့ဂုဏ်ကို မြင့်မားအောင်၊        အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည့်         စာဆိုတော်ကြီးများကို ချီးကျူးဂုဏ်ပြုလျက်   နတ်တော်လဆန်း(၁) ရက် နေ့တွင် စာပေဆုနှင်းသဘင်များ ဆင်ယင်ကျင်းပ ပေးခြင်းသည် မြန်မာတို့၏ဂုဏ်ယူဖွယ်အစဉ်အလာ တစ်ရပ်ပင်ဖြစ်သည်။ ယင်းအစဉ်အလာကောင်းများ ကို   တည်တံ့စေရန်အတွက်    စာပေပညာရှင်များ၊ စာပေကို တန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များကပါ လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် သွားကြရန်လိုအပ်ပါကြောင်း    “နတ်တော်လနှင့် ထူးမြတ်လှသည့် စာဆိုတော်နေ့” ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။     ။