လှည်းကူးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

 

လှည်းကူး   နိုဝင်ဘာ    ၁၂


ရန်ကုန်တိုင်းဒေသကြီး    လှည်းကူးခရိုင်    လှည်းကူးမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် အမျိုးသား အောင်ပွဲနေ့အကြောင်း   ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်    ရည်ရွယ်၍ ယမန်နေ့က လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက ဦးစီးဌာနက  ထုတ်ဝေသည့်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား   လက်ကမ်းစာစောင်များကို  အခြေခံပညာအထက်တန်း ကျောင်း၊  အထက(လှည်းကူး)ရှိ   ကျောင်းသား  ကျောင်းသူများထံ   လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသည်။

 


အဆိုပါ    သတင်းစကားလက်ကမ်းစာစောင်တွင်   အမျိုးသားရေး အားမာန်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊    လူငယ်တွေရဲ့ခေတ်၊   ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို    သပိတ်မှောက်ရန်     သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊   မှန်ကန်သောမျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊    “အမျိုးသားအောင်ပွဲနေ့”    အထိမ်းအမှတ်  ဂုဏ်ပြု ကာတွန်း၊  ကဗျာနှင့်   ဆောင်ပုဒ်များနှင့်    အမျိုးသားအောင်ပွဲနေ့ နှင့်  ပတ်သက်သည့်  သိမှတ်ဖွယ်ရာများကို  ဖော်ပြထားကြောင်း သိရ သည်။


အေးအေးနွဲ့(ပြန်/ဆက်)