လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများအကြား သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြမည်

 

နေပြည်တော်    ဒီဇင်ဘာ    ၂၈


“ဘဏ္ဍာရေးဆိုင်ရာမီဒီယာ အပြန်အလှန်ချိတ်ဆက် မှုနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်း” "Financial Media Interconnection and Innova-tion Cooperation" ခေါင်းစဉ်ဖြင့် The Joint Media Conference of the Lancang-Mekong Countries ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီက တရုတ်နိုင်ငံ Guangzi Radio and Television မှ စီစဉ်ကျင်းပခဲ့ရာ   MRTV  နှင့်  Sky Net TV တို့မှ တာဝန်ရှိသူများ  Online  ဖြင့်  ပါဝင်တက်ရောက် ကြသည်။

 


ဆွေးနွေးပွဲတွင် ၂၀၂၂ ခုနှစ်၌ လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှု ခြောက်နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများအကြား ကဏ္ဍစုံ တွင်  ဖွံ့ဖြိုးတိုးတက်မှုများကို  တွေ့မြင်ရကြောင်း၊  နိုင်ငံများအကြား    သတင်းမီဒီယာကဏ္ဍ      ဖွံ့ဖြိုး တိုးတက်ရေးအတွက် သတင်းထုတ်လွှင့်မှုများ၊ အစီ အစဉ်ထုတ်လွှင့်မှုများ၊ ဇာတ်လမ်းထုတ်လွှင့်မှုများ  စသည်တို့တွင်     အတူပူးပေါင်းဆောင်ရွက်ခဲ့သည့် အပြင် အနာဂတ်ကာလတွင်လည်း အခက်အခဲများ ကို   အတူကျော်ဖြတ်ပူးပေါင်း၍  သတင်းအချက် အလက်များမျှဝေကာ ပိုမိုကောင်းမွန်အောင် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊     Lancang-Mekong   ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်   ဒေသ အတွင်း ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းကို  ဖန်တီးဖော်ဆောင်ကာ     အနာဂတ်မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် စိန်ခေါ်မှုများကို အတူရင်ဆိုင် ပြီး ပူးပေါင်းဆောင်ရွက်မှုများ၊ တီထွင်ဖန်တီးမှုများ၊  အပြန်အလှန်  ချိတ်ဆက်ဆောင်ရွက်မှုများ  မြှင့်တင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးကြသည်။ 

 


ထို့နောက် တစ်နိုင်ငံချင်းစီက မိမိတို့နိုင်ငံတွင်  ထုတ်လွှင့်နေသည့်          သတင်းဌာနများအလိုက် ထုတ်လွှင့်တင်ဆက်မှုများတွင် တိုးတက်လာမှုများ၊ ခေတ်နှင့်အညီ  ပြောင်းလဲတင်ဆက်မှုများ၊  စိန်ခေါ်မှု များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

 


၂၀၂၂ ခုနှစ်သည် Lancang-Mekong ပူးပေါင်း ဆောင်ရွက်မှု (LMC) စတင်သည့်  ခြောက်နှစ်ပြည့် မြောက်သည့်နှစ်ဖြစ်ပြီး Lancang-Mekong ပူးပေါင်း ဆောင်ရွက်မှုကို  ငြိမ်းချမ်းရေးနှင့်  သာယာဝပြော ရေးကို  မြှင့်တင်မှုဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်  ကျဉ်းမြောင်းလာစေရန်နှင့်  ရေရှည် တည်တံ့သော၊ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက် မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့်  ခြောက်နှစ်တာကာလအတွင်း မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်   ဗီယက်နမ်နိုင်ငံတို့တွင်   ကဏ္ဍများစွာ၌ သိသာထင်ရှားသည့်      ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။            


သတင်းစဉ်