လင်းခေးမြို့၊ လဲချားမြို့၊ ကာလိမြို့နှင့် ဟိုမိန်းမြို့များရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို တွေ့ဆုံ

 

နေပြည်တော်   နိုဝင်ဘာ  ၁၉      

 
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၊ လဲချားမြို့၊ ကာလိမြို့နှင့် ဟိုမိန်းမြို့များရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ယနေ့မွန်းလွဲပိုင်း တွင် တိုင်းစစ်ဌာနချုပ် ခရေရိပ်သာ၌ တွေ့ဆုံသည်။

 


ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း    သတင်း ရရှိသည်။                                     
 

သတင်းစဉ်