လမ်းနယ်များ စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၁၃


လမ်းနယ်များ စိမ်းလန်းစိုပြည် ရေးအတွက် ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပြီးစီးမှုနှင့် ၂၀၂၂ ခုနှစ်  မိုးရာသီ  သစ်ပင်စိုက်ပျိုး မည့် အစီအစဉ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း    အစည်းအဝေး ကို    ယနေ့နံနက် ၁၀ နာရီတွင် သစ်တောဦးစီးဌာန      ညွှန်ကြား ရေးမှူးချုပ်ရုံး    အင်ကြင်းခန်းမ  နေပြည်တော်တွင် ကျင်းပသည်။


ပျိုးပင်ပေါင်း ၅၂ ဒသမ ၃၇၅
သန်း စိုက်ပျိုးနိုင်ခဲ့


ရှေးဦးစွာ     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက    ၂၀၂၁ ခုနှစ် မိုးရာသီတွင်  ပျိုးပင်ပေါင်း ၅၂ ဒသမ ၃၇၅ သန်း စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊          စီမံခန့်ခွဲရေး ကော်မတီ၏ နိုင်ငံအတွင်းရှိ ကား လမ်းများ၊ လမ်းနယ်များ စိမ်းလန်း စိုပြည်ရေးအတွက်    သစ်တော ကွက်များ စနစ်တကျဖော်ထုတ်   စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် သွားရန် လမ်းညွှန်ချက်နှင့်အညီ လမ်းနယ်များ စိမ်းလန်းစိုပြည်ရေး  အတွက်     သစ်တောဦးစီးဌာနမှ ပျိုးပင်များဖြန့်ဝေခဲ့ရာ သစ်တော ဦးစီးဌာန၊      လမ်းဦးစီးဌာန၊ ကျေးလက်လမ်း  ဖွံ့ဖြိုးရေးဦးစီး ဌာန၊ မြန်မာ့မီးရထားတို့မှ ၂၀၂၁ ခုနှစ် မိုးရာသီတွင် အမြင့် နှစ်ပေ အထက် ပျိုးပင်ပေါင်း ၂၇၅၀၀ဝ ပင်   စိုက်ပျိုးနိုင်ခဲ့ပြီး   ရှင်သန် အောင်မြင်မှုကောင်းမွန်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် ကြုံတွေ့ ခဲ့ရသည့် အားနည်းချက်၊ အားသာ ချက်များကို သင်ခန်းစာယူ၍ ၂၀၂၂ ခုနှစ် မိုးရာသီတွင် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် သစ်တောဦးစီးဌာနမှ    အရည် အသွေး ပြည့်မီသည့် ပျိုးပင်များ ဖြန့်ဝေပေးသွားမည့်အပြင် စိုက်ပျိုး ခြင်းနှင့်     ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် နည်းပညာ များ ကူညီပံ့ပိုးခြင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး တက်ရောက်လာ သူများကလည်း မိမိတို့အတွေ့ကြုံ များအပေါ် မူတည်၍  ပိုမိုကောင်း မွန်အောင် အကြံပြုဆွေးနွေးပေး ကြပါရန် ပြောကြားသည်။


ဆက်လက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဝင်းဖေက        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊      စီမံ ခန့်ခွဲရေးကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့၏    လမ်းနယ်များ အတွင်း      အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းဖြင့်  လမ်းတာပေါင် ရေတိုက်စားမှုကို ကာကွယ်ခြင်း၊ လမ်းဘေးတစ်လျှောက်   အမြင် တင့်တယ်ခြင်း၊ အပူချိန်လျှော့ချ ပေးခြင်း၊   လမ်းမကြီးများတွင် လမ်းနယ်    ကျူးကျော်မှုကိုပါ ကာကွယ်ခြင်း စသည့်  အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် လမ်းနယ်  များ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း ၁၅၃၀၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သစ်တော ဦးစီးဌာနနှင့်ပူးပေါင်း၍ လမ်းနယ် များအတွင်း ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးပြီးစီးခဲ့သော     သစ်ပင် စိုက်ပျိုးခြင်းကိစ္စရပ်များနှင့် ၂၀၂၂  ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုး မည့် အစီအစဉ်များနှင့်ပတ်သက် ပြီး အစည်းအဝေးသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာတာဝန် ရှိသူများအားလုံးမှ ဝိုင်းဝန်းအကြံ ပြုဆွေးနွေး၍ အဖြေတစ်ခုထွက် အောင်     ပူးပေါင်းဆောင်ရွက် ကြိုးစားပေးကြပါရန် ပြောကြား သည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်ကြသည့် သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊           ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး/ ပြည်နယ် သစ်တောဦးစီး ဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ  ညွှန်ကြား ရေးမှူးများက   Vritual   စနစ် ဖြင့်  တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်