လှမ်းလာခဲ့ဖို့ဖိတ်ခေါ်သည် ချယ်ရီလှိုင်တဲ့ တောင်ပေါ်စခန်းမြို့ကလေး လွိုင်မွေ ဆီ

 

ယဉ်လာဒ်

မြန်မာပြည်ထဲက တောင်ပေါ်စခန်းမြို့ တွေကို   လက်ချိုးရေလို့ရတဲ့အထဲမှာ အရှေ့ကျိုင်းတုံမြို့က တောင်ပေါ်စခန်း မြို့ကလေးဖြစ်တဲ့ လွိုင်မွေမြို့လေးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တချို့က လွယ်မွေလို့ခေါ်ကြပေမယ့် လွိုင်မွေလို့ လည်း ခေါ်ကြပါသေးတယ်။   နှစ်စဉ် ချယ်ရီပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ ဇန်နဝါရီ လထဲမှာ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုအဖြစ် လွိုင်မွေတောင်ပေါ် စခန်းမြို့ကလေးကို ဒီတစ်ပတ်ရဲ့ ခရီး သွားလမ်းညွှန်အနေနဲ့   ဖော်ပြပေးချင် ပါတယ်။ 
ပင်လယ်ရေ   မျက်နှာပြင်အထက် အမြင့်ပေ ၅၅၄၂ ရှိပြီး   ကျိုင်းတုံနဲ့  မိုင်  ၂၀ ခန့်သာကွာဝေးတဲ့ တောင်ပေါ်မြို့ လေးဖြစ်လို့   အစဉ်အေးမြပြီး    ချယ်ရီ ပွင့်ချိန်ဆို    အလွန်အေးချမ်းလှပတဲ့ တောင်ပေါ်မြို့ကလေး ဖြစ်ပါတယ်။ ကျိုင်းတုံကနေ နှစ်နာရီဝန်းကျင်လောက် သွားရတဲ့     တောင်ပေါ်စခန်းမြို့လေး ဖြစ်ပြီး ပြည်တွင်းခရီးသွားဧည့်သည် တွေထက်  ထိုင်းခရီးသွားဧည့်သည်တွေ အများဆုံး  လာရောက်လည်ပတ်ကြလေ့ ရှိပါတယ်။
ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်
ကျိုင်းတုံမြို့ကိုရောက်ရင် လွိုင်မွေ ကို သွားရောက်လည်ပတ်မှ စိတ်ကျေနပ် မှုကို ရရှိစေတယ်လို့ ခံစားရစေပါတယ်။ ချယ်ရီလှိုင်လှိုင်ပွင့်ချိန် ဇန်နဝါရီလဆိုရင် လွယ်မွေတောင်ပေါ်စခန်းဆီကို   ထိုင်း ခရီးသွားတွေနဲ့ ကျိုင်းတုံမြို့ရဲ့ ပတ်ဝန်း ကျင်က   တိုင်းရင်းသားတွေသာမက တာချီလိတ်-လားရှိုးဘက်က ပြည်တွင်း ခရီးသွားတွေလည်း လာရောက်လည်ပတ် ကြလေ့ရှိပါတယ်။ လွိုင်မွေကို သွားရောက် လည်ပတ်ပြီး ကျိုင်းတုံမြို့ထဲက ကျိုင်းတုံ ရေတံခွန်ဆီ သွားရောက်လည်ပတ်ကာ  အဲဒီကနေတစ်ဆင့် မိုင်းခတ်၊ မိုင်းယန်း မှာရှိတဲ့ မှိုင်းနှုန်းကြီးဘုရားဆီကိုလည်း ထိုင်းခရီးသွားတွေ သွားရောက်လည်ပတ် ကြလေ့ရှိတယ်လို့        ကျိုင်းတုံမြို့က ဟိုတယ်လုပ်ငန်းရှင်   တစ်ဦးဖြစ်သူက စာရေးသူကို ပြောပြပါတယ်။  လွယ်မွေ မြို့ရဲ့ ရာသီဥတုကလည်း ၁၂ လရာသီမှာ ကိုးလလောက်က မြူနှင်းတွေနဲ့ အေးမြ နေတာမို့ ဆောင်းရာသီကာလ တာရှည် တဲ့     မြို့တစ်မြို့ဖြစ်တယ်လို့လည်း Governor Residence ထဲမှာ ရေးသား ဖော်ပြထားပါတယ်။ 
ကျိုင်းတုံမြို့ရဲ့    ထင်ရှားတဲ့နေရာ တွေကတော့ ရပ်တော်မူဘုရား၊ မဟာ မြတ်မုနိဘုရားကြီး၊       နောင်တုံကန်၊ ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်၊ ရေပူစမ်း၊ ကိုရင်လေးကျောင်း၊ ဝပ်အင်း ကျောင်း၊ စွန်ခမ်းဘုရား၊ စွမ်လွဲ/ကမ္ဘာ အေးဘုရား၊ နှစ်တစ်ရာကျော် သက်တမ်း ရှိတဲ့ ဘုရားရှိခိုးကျောင်း၊ ကျိုင်းတုံမြို့ရဲ့ ရှေးဟောင်းမြို့ရိုး   တံခါးပေါက်တစ်ခု တည်းသာကျန်ရှိခဲ့တဲ့     ပါလျန်ဂိတ်၊ စော်ဘွားအုတ်ဂူ၊  ယွန်းလုပ်ငန်း၊   ဗုဒ္ဓ ဥယျာဉ်၊ လွယ်မွေစခန်း၊ ရိုးရာအိမ်လေး တွေ  ကျန်ရှိနေသေးတဲ့   နောင်ငင်းရွာ၊ ကျိုင်းတုံရေတံခွန်၊      အားခီကျေးရွာ၊ ဟိုကျင်းအာခါရွာတွေဟာ  ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားတွေ နေထိုင်ကြတဲ့     အိမ်တွေဆီကိုလည်း တောတွင်းလမ်းလျှောက်ပြီး    လေ့လာ လည်ပတ်နိုင်ပါတယ်။
ချယ်ရီပွင့်ချိန်
နှစ်စဉ်  ချယ်ရီလှိုင်လှိုင်ပွင့်တဲ့ ဒီဇင် ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလမကုန် ခင်ထိ   ကာလမှာ    လွိုင်မွေတောင်ပေါ် စခန်းမြို့ကလေးကို   ပြည်တွင်း/ပြည်ပ ခရီးသွားအပန်းဖြေသူတွေ လာရောက် လည်ပတ်ကြတာမို့    ချယ်ရီပွင့်ချိန်ဆို ခရီးသွားများနဲ့   စည်ကားကြလေ့ရှိပါ တယ်။ 
ဒီနှစ်မှာတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေဖို့ရည်ရွယ်ပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့ရဲ့   ညွှန်ကြားမှုနဲ့အတူ ဟိုတယ်နှင့်   ခရီးသွားညွှန်ကြားမှုဦးစီး ဌာနနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ ပူးပေါင်း ပြီး ဒီဇင်ဘာ၂၄ ရက်ကနေ    ဒီဇင်ဘာ ၂၈ ရက်အထိ      ချယ်ရီပန်းပွဲတော်နှင့်အတူ တိုင်းရင်းသားပေါင်းစုံရဲ့   ရိုးရာအစား အစာပြပွဲကို ကျင်းပခဲ့ပါတယ်။
လက်ရှိမှာတော့    လွိုင်မွေတောင် စခန်းပတ်ဝန်းကျင်တစ်ဝိုက် ချယ်ရီပန်း များ  လှိုင်လှိုင်ပွင့်နေပြီဖြစ်လို့    ချယ်ရီ ပန်းခက်တွေကို  ချိုးယူခြင်းမပြုကြဖို့ သက်ဆိုင်ရာက တားမြစ်ပိတ်ပင်ထားပါ တယ်။ လွယ်မွေမြို့ရဲ့   အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်တဲ့   ချယ်ရီပန်းက လွယ်မွေရဲ့   အမွေအနှစ်တစ်ခုဖြစ်ပြီး သဘာဝအတိုင်း ခေတ်အဆက်ဆက်တိုင် ချယ်ရီပင်များစွာကို တစ်စုတစ်စည်းတည်း တွေ့မြင်ရတဲ့  မြို့ကလေးဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းကိုလည်း    ချယ်ရီ ပင်များက    များစွာအထောက်အကူပြု သလို ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်း စားဝတ်နေရေးကိုလည်း များစွာ အထောက်အပံ့ပေးနေ       ပြန်ပါတယ်။ လွယ်မွေဒေသမှာ ဒေသခံတွေက ချယ်ရီ ဝိုင်၊ မက်မန်းဝိုင်၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်နဲ့    ပင်စိမ်းဝိုင်တွေကို   ထုတ်လုပ်ရောင်းချ ပေးတာမို့    ဒေသခံတွေရဲ့ စားဝတ်နေရေး ကိုလည်း      များစွာ အထောက်အကူဖြစ်စေ လျက်ရှိပါတယ်။
Small England
ဒါ့အပြင် လွိုင်မွေတောင်ပေါ်စခန်း မြို့လေးမှာ နှစ်ပေါင်း   ၁၀၀   ကျော် သက်တမ်းရှိတဲ့ အဆောက်အအုံတွေကို ယနေ့တိုင်   မြင်တွေ့နိုင်ဆဲဖြစ်တာမို့ Small England လို့တောင်  တင်စား ခေါ်ဝေါ်ကြပါတယ်။ ကျိုင်းတုံမြို့နဲ့ နီးကပ် ပြီး အိမ်နီးချင်းနိုင်ငံများနဲ့   ဆက်စပ် တည်ရှိတာမို့        အချက်အချာကျပြီး ရှေးဟောင်းယဉ်ကျေးမှု လက်ရာတွေနဲ့ သမိုင်းဆိုင်ရာအမွေအနှစ်များစွာ ကျန်ရှိ နေသေးတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ပြင်    တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြတာမို့ ပြည်တွင်းပြည်ပ ခရီး သွားဧည့်သည်တွေကို ဆွဲဆောင်ထား နိုင်တဲ့မြို့လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ပွင့်လင်းရာသီကာလမှာ လွိုင်မွေမြို့လေး ဆီကို   ခရီးသွားအပန်းဖြေလိုသူတွေ အတွက် ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန် အနေနဲ့   ရေးသားဖော်ပြပေးလိုက်ရပါ တယ်။ 
b   b   b