လမိုင်းမြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ်

 

လမိုင်း   နိုဝင်ဘာ   ၁၄


 မွန်ပြည်နယ် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနခန်းမ၌ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည်။ 

 


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး  ဒေါ်ဖြူဖြူအေးက    အ.လ.က(မွန်)ကျောင်းမှ ကျောင်းသားကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း သက်ဆိုင်ရာ အမျိုး သားနေ့ရှိကြောင်း၊   ကိုလိုနီပညာရေးစနစ်မလိုလား၍   ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို  တက္ကသိုလ်ကျောင်းသားများက  သပိတ် မှောက် ဆန့်ကျင်ခဲ့ရာမှ ပေါ်ပေါက်လာပုံ စသည်တို့ကို အသေးစိတ် ဟောပြောသည်။ 

 


ကျောင်းသားကျောင်းသူများ မမေ့သင့်၊ မမေ့ထိုက်သော  နေ့ထူး၊ နေ့မြတ်များကို သိရှိစေရန်နှင့် ယနေ့ခေတ် လူငယ် လူရွယ်များ  မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး     နိုင်ငံအပေါ်   ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။                                                    

မြို့နယ်(ပြန်/ဆက်)