လမိုင်းမြို့ ကျိုက်ကေလာသ တန်ခိုးကြီးဘုရားနှင့် စေတီတော်တို့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

 

လမိုင်း   ဇန်နဝါရီ   ၁၆


မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ ကျိုက်ကေလာသတန်ခိုးကြီးဘုရားပုထိုးစေတီနှင့် ကျိုက်ဓာတ်ဇူဘုရား စေတီတော်တို့တွင်  ပြာသိုလပြည့်နေ့တွင် ရပ်နီး ရပ်ဝေးမှ ဘုရားဖူးပြည်သူများစွာ လာရောက်ဖူးမြော် စည်းကားလျက်ရှိသည်။

 


လမိုင်းမြို့တွင်  ကိုဗစ်-၁၉  ရောဂါ  သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့်   ကိုဗစ်-၁၉  ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့်  ကုသိုလ်ယူ နိုင်ကြစေရန်  ကျိုက်ကေလာသတန်ခိုးကြီးဘုရား ပုထိုးစေတီတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်း ရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပွဲများ ပြုလုပ် ပြီးကုသိုလ်ကောင်းမှု   ဆောင်ရွက်မှုများရှိသကဲ့သို့ မြန်မာလူမျိုးတို့၏  ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင် လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အားအာဟာရဒါနစတုဒိသာများဖြင့်  ကျိုက်ဓာတ်ဇူဘုရား ပုထိုးစေတီတော်ရင်ပြင်၌ဧည့်ခံကျွေးမွေး ကုသိုလ်ယူ ကြသည်။

  ဖြူဖြူအေး(ပြန်/ဆက်)